Connect with us

Asia

ထိုင်းနိုင်ငံက နှစ် ၂၀ အတွင်း မြန်နှုန်းမြင့်ရထားလမ်းများတည်ဆောက်မည်

ထိုင်းနိုင်ငံ ၏ ပထမဆုံးမြန်နှုန်းမြင့်ရထားလမ်းဖြစ်သည့် ဘန်ကောက်-နွန်ခိုင်း မြန်နှုန်းမြင့် ရထား လမ်းကို တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ ဖောက်လုပ်မှုအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က စတင်ကျင်းပစဉ်(ဆင်ဟွာ)

ဘန်ကောက်၊မတ်လ ၃၁(ဆင်ဟွာ)

ထိုင်းနိုင်ငံအစိုးရတာဝန်ရှိသူတစ်ဦးကထိုင်းနိုင်ငံတွင် မြို့တော်ဘန်ကောက်နှင့် နိုင်ငံမြောက်ဘက်ရှိ ချင်းမိုင် မြို့၊အရှေ့မြောက်ဘက်ရှိနွန်ခိုင်းမြို့၊အရှေ့တောင်ဘက်ရှိ ရာရွန်မြို့နှင့် တောင်ဘက်ရှိ ပါဒန် ဘီဆာမြို့ တို့ကိုဆက်သွယ်မည့် မြန်နှုန်းမြင့်ရထားလမ်းအရှည် ၂,၅၀၆ ကီလိုမီတာ အား ၂၀၃၆ ခုနှစ် နောက်ဆုံး ထား၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မတ်လ ၂၉ ရက်က Rail Asia Expo & RISE Symposium ပညာရှင်များနှင့်ညှိနှိုင်းပွဲတွင် ထိုင်းနိုင်ငံ အစိုးရ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ ပို့ဆောင်ရေးနှင့်ခရီးသွားလာမှုမူဝါဒနှင့်စီမံချက်ရုံး (OTP) မှရထားလမ်းစီမံချက်ဖွံ့ဖြိုးမှုအရာရှိ ဆူဖာလပ် ဆူဒွိုက်ပရာဆတ် ကထိုကဲ့သို့ပြောခဲ့ခြင်းဖြစ်ပါ သည်။

ပထမအဆင့်အနေဖြင့် နိုင်ငံ၏ပထမဆုံးမြန်နှုန်းမြင့်ရထားလမ်းဖြစ်သည့် ဘန်ကောက်-နွန်ခိုင်း မြန်နှုန်း မြင့် ရထား လမ်းကို တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင်စတင်ဖောက်လုပ်နေပြီဖြစ် သည်။အဆိုပါ ထိုင်းနိုင်ငံ၏ မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်း လေးခုကို စီမံကိန်းကာလသုံးခုပိုင်းခြား၍ ၂၀၃၆ ခုနှစ်တွင်အပြီးတည်ဆောက်သွားမည်ဖြစ်ရာ ကုန်ကျငွေ ၁ ဒသမ ၅၇ ထရီလီယံ ဘတ် (အမေ ရိကန်ဒေါ်လာ ဘီလီယံ ၅၀ ခန့်ရှိမည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.