Connect with us

Asia

မဟာ မဲခေါင် ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (GMS) ထိပ်သီး အစည်းအဝေး မှ သဘောတူညီချက် နှင့် အောင်မြင်မှု များစွာ ရရှိ

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က မဟာ မဲခေါင် ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (GMS) ထိပ်သီး အစည်းအဝေး တွင် မိန့်ခွန်းပြောကြား နေစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ဗီယက်နမ် နိုင်ငံ မြို့တော် ဟနွိုင်း တွင် ကျင်းပ ပြုလုပ် ခဲ့သည့် မဟာ မဲခေါင် ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (GMS) ဆဋ္ဌမ အကြိမ်မြောက် ထိပ်သီး အစည်းအဝေး သည် မတ်လ ၃၁ ရက်နေ့ ၌ ပြီးဆုံးခဲ့ပြီး အစည်းအဝေး မှ “၂၀၂၂ ခုနှစ် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်” အပါအဝင် သဘောတူညီချက် နှင့် အောင်မြင်မှု ရရှိခဲ့သည်။

မတ်လ ၃၁ ရက်နေ့တွင် ကျင်းပ ပြုလုပ် ခဲ့သည့် တံခါးပိတ် အစည်းအဝေး သို့ နိုင်ငံ အသီးသီး မှ ခေါင်းဆောင်များ တက်ရောက် ခဲ့ကြပြီး အစည်းအဝေး က “ပူးတွဲကြေညာစာတမ်း” ၊ “၂၀၁၈-၂၀၂၂ဟနွိုင်းဆောင်ရွက်မှု အစီအစဉ်” နှင့် “၂၀၂၂ ခုနှစ် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်” သဘောတူညီချက် နှင့် အောင်မြင်မှု ၃ ခု ရရှိခဲ့သည်။ ထိုအတွင်း မှ “၂၀၂၂ ခုနှစ် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်” က အနာဂတ် ၅ နှစ်တာ ကာလ အတွင်း ဦးစားပေးဆောင်ရွက်မည့် စီမံကိန်း များကို စာရင်းပြုစု ခဲ့ပြီး ယင်းစာရင်းတွင် ရင်းနှီးမြှုပ်နှံမှု နှင့် နည်းပညာဆိုင်ရာ ကူညီမှု စီမံကိန်း စုစုပေါင်း ၂၂၇ ခုပါဝင်ခဲ့ကာ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၆၆ ဘီလီယံ တည်ရှိကြောင်း သိရှိရသည်။

ယခု အကြိမ် ကျင်းပ ပြုလုပ် ခဲ့သည့် အစည်းအဝေး ကို “၂၅ နှစ်တာ ပူးပေါင်းဆောင်ရွက်မှု ၏ ရလဒ် ကို အသုံးချကာ ရည်ရှည်ညီမျှပြီး တိုးတက်ဖွံ့ဖြိုးသည့် GMS တည်ဆောက်ရေး”ဟူသည့် ခေါင်းစဉ် ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ် ၊ ကမ္ဘောဒီးယား ၊ လာအို ၊ မြန်မာ ၊ ထိုင်း ၊ ဗီယက်နမ် နိုင်ငံ မှ ခေါင်းဆောင်များ အပြင် အာရှဖွံ့ဖြိုးရေးဘဏ် ၊ ကမ္ဘာ့ဘဏ် ၊ AIIB ဘဏ် တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက် ခဲ့ကြသည်။

အစည်းအဝေး မှ သတ္တမ အကြိမ်မြောက် GMS ထိပ်သီး အစည်းအဝေး ကို ၂၀၂၁ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံ တွင် ကျင်းပ မည်ဖြစ်ကြောင်း သိရှိခဲ့ရသည်။မဟာ မဲခေါင် ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (GMS) ထိပ်သီး အစည်းအဝေး သည် လန်ချန်း-မဲခေါင် ဒေသတွင်းရှိ နိုင်ငံ ၆ နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့မှ အတူတကွ ပူးပေါင်းပါဝင် သည့် ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ၁၉၉၂ ခုနှစ် တွင် စတင်ထူထောင် ခဲ့သည်။ အစည်းအဝေး ၏ ရည်မှန်းချက် အနေဖြင့် ဒေသခွဲ နှင့် တရုတ်နိုင်ငံအကြား စီးပွားရေး ဆက်သွယ်မှု ကို တိုးမြှင့်ခြင်း ၊ ဒေသခွဲ၏ စီးပွားရေး နှင့် လူမှုရေး အတူတကွ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခြင်း တို့ဖြစ်သည်။ အာရှဖွံ့ဖြိုးရေး ဘဏ် သည် ယင်း အဖွဲ့အစည်း ၏ ထူထောင်သူ ၊ ညှိနှိုင်းသူ နှင့် အဓိက ငွေကြေးစုဆောင်းပေးသည့် ဘဏ် တစ်ခု ဖြစ်ကြောင်း သိရှိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117