Connect with us

Asia

အိန္ဒိယနိုင်ငံ၌ အဆောက်အအုံပြိုကျမှု သေဆုံးသူ ၁၀ ဦးထိရှိလာ

အိန္ဒိယနိုင်ငံ၊အင်ဒိုခရိုင်တွင် အဆောက်အအုံတစ်လုံးပြိုကျအပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်(အင်တာနက်)

နယူးဒေလီ၊ဧပြီ၁ (ဆင်ဟွာ)

အိန္ဒိယနိုင်ငံအလယ်ပိုင်း၊ မက်ဟာပရာဒက်ရှ် ပြည်နယ်တွင် မတ်လ ၃၁ ရက်ညက အဆောက်အအုံ တစ်ခုပြိုကျခဲ့ရာဧပြီလ ၁ ရက်နံနက်၌သေဆုံးသူ ၁၀ ဦးအထိမြင့်တက်လာကာကယ်ဆယ်ရေးအသင်း များအနေဖြင့် သေဆုံးသူများ၏အလောင်းများနှင့် အသက်ရှင်ကျန်ရစ်သူများကို တွေ့ရှိနိုင်ရေးအပြင်း အထန်ကြိုးစားလျက်ရှိကြကြောင်းသိရသည်။

အဆိုပါအဆောက်အအုံကပြည်နယ်မြို့တော် ဘိုဖားလ်၏ အနောက်တောင်ဘက် ၁၉၅ ကီလိုမီတာအ ကွာအဝေးရှိအင်ဒိုခရိုင်အတွင်းလူသူများပြားသော ဆာဗိတ် ဘတ်စ်ကားမှတ်တိုင်အနီးတွင်တည်ရှိကာ မတ်လ ၃၁ ရက်ညပိုင်းကပြိုကျခဲ့ရခြင်းဖြစ်သည်။ဒဏ်ရာရရှိသူ ၃ ဦးကိုလည်းအနီးဆုံးဆေးရုံတစ်ရုံသို့ တင်ပို့ထားကြောင်း သိရသည်။ အဆောက်အအုံမှာ နှစ်ကြာရှည်နေပြီဖြစ်သော လူနေရန် မသင့်တော် သည့်အဆောက်အအုံတစ်ခုဖြစ်ကာ ၎င်း၏အောက်ခြေတိုင်တစ်ခုကို ကားတစ်စီးကဝင်ရောက်တိုက်မိ ခဲ့ရာမှ ပြိုကျခဲ့ခြင်းဖြစ်သည်။

အဆောက်အအုံပြိုကျအပျက်အစီးများအောက်တွင် လူပေါင်းများစွာပိတ်မိနေနိုင်သေးသည်ကိုအာဏာ ပိုင်များကအထူးစိုးရိမ်နေကြသည်။ ရဲတပ်ဖွဲ့က အဆောက်အအုံမှာ တည်းခိုခန်းတစ်ခုဖြစ်ကာ ဓါးစာခံ အများစုမှာ အဆောက်အအုံ၏ထိပ်ဆုံးသုံးလွှာတွင်နေထိုင်ကြသော ဝန်ထမ်းများနှင့်ဧည့်သည်များဖြစ် ကြောင်းပြောခဲ့သည်။အာဏာပိုင်များအနေဖြင့် စက်ယန္တရားကြီးများသုံးကာ ကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လက်ဆောင် ရွက်နေကြောင်းသိရသည်။(Xinhua)