မနီလာ၊ နိုဝင်ဘာ ၂၈ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမြို့ ရှိ အမေရိကန်သံရုံးအနီး တွင် နိုဝင်ဘာ၂၈ရက် နံနက်ပိုင်းက ဗုံးဟုယူဆရသည့် ပစ္စည်းတစ်ခုအား တွေ့ရှိခဲ့ကြောင်း ပြည်တွင်းသတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ခတ္တမန္ဒူ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ခရီးသည် အလွန်အကျွံ တင်ဆောင်လာသည့် ဂျစ်ကား တစ်စီးသည် နီပေါနိုင်ငံ အလယ်ပိုင်း နာဝယ်ပါရာစီခရိုင်ရှိ ၁၀၀ မီတာနက်သော လျှိုမြောင် တစ်ခုအတွင်းသို့ နိုဝင်ဘာလ ၂၇ ရက်က ပြုတ်ကျသွားခဲ့ရာ လူ ၇ ဦး သေဆုံးကာ ၁၈...
ဘန်ကောက်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်း ပတ်ထနီပြည်နယ်တွင် အမည်မသိ သေနတ်သမား နှစ်ဦး ပစ်ခတ်မှုကြောင့် ထိုင်းလူမျိုး ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး သေဆုံးကာ အခြား အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက နိုဝင်ဘာလ ၂၇ ရက်က...
မနီလာ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရိုင်ဖယ်သေနတ် တစ်လက်ဝယ်ယူလျှင် တစ်လက် အခမဲ့ ရရှိနိုင်မည်ဟူသော ရုရှားနိုင်ငံမှ ကမ်းလှမ်းမှုအား ရရှိခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးက နိုဝင်ဘာလ ၂၄ ရက်၌ ပြောကြားခဲ့သည်။
ဒါကာ၊ နိုဝင်ဘာ ၂၃ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့၏ ဆင်ခြေဖုံးဒေသတစ်ခုဖြစ်သည့် Ashulia ရှိ ဓါတ်မီးခြစ်စက်ရုံတစ်ခု တွင် နိုဝင်ဘာ ၂၂ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့၍ အမျိုးသမီးအများစု အပါအဝင် အလုပ်သမားပေါင်းများစွာ မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ကိုလံဘို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် သက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် အေအိုင်ဒီအက်စ် ကပ်ရောဂါ ပပျောက်ရေး အားထုတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ (UNFPA) က ပြောကြားလိုက်သည်။
ကွာလာလမ်ပူ ၊ နိုဝင်ဘာ ၂ဝ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံရဲတပ်ဖွဲ့သည် ကွာလာလမ်ပူမြို့၌ အတိုက်အခံပါတီမှဦးဆောင်၍ ကြီးမားသောလူထုအုံကြွမှုပြုလုပ်ရန် ကြိုးပမ်းမှုဖြင့် ဦးဆောင်လှုပ်ရှားသူ ဒါဇင်ပေါင်းများစွာကို နိုဝင်ဘာလ ၁၉ ရက်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းသိရသည်။
ဟနွိုင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ နိုင်ငံတကာ စက်ဘီးပြပွဲအား ပထမဆုံးအကြိမ်အဖြစ် မြို့တော် ဟနွိုင်းတွင် နိုဝင်ဘာလ ၁၇ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဂျကာတာ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီနှင့် အရှေ့ ဂျာဗားပြည်နယ်၌ နိုဝင်ဘာလ ၁၆ ရက် ညသန်းခေါင်၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် အိမ်ခြေ ဒါဇင်များစွာ ပျက်စီးခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေး အေဂျင်စီက နိုဝင်ဘာလ ၁၇ ရက်က ပြောကြားခဲ့သည်။
ဂျကာတာ၊နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ တရားရုံးချုပ်က တရားမဝင် သစ်မှောင်ခိုထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုအား ဒဏ်ကြေးငွေအမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ( အင်ဒိုနီးရှားရူပီးယား ၁၆.၂၄ ထရီလီယံ) ပေးဆောင်ရန် အမိန့်ချမှတ်လိုက်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့်သစ်တောဝန်ကြီးဌာနသည် အဆိုပါ အမှုတွင်အနိုင် ရရှိမည်ဖြစ်ကြောင်း သိရသည်။