Connect with us

Asia

ဂျပန် နိုင်ငံ Hachijō-jima ကျွန်း အရှေ့ပိုင်း ပင်လယ်ပြင် ၌ ပြင်းအား ၆.၁ အဆင့်ရှိ ငလျင် လှုပ်ခတ်

ပြင်းအား ၆.၁ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့သည့် ဂျပန် နိုင်ငံ Hachijō-jima ကျွန်း အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

တိုဂျို ၊ မတ်လ ၂၆ ရက် (ဆင်ဟွာ)

ဂျပန် နိုင်ငံ မိုးလေဝသ ဌာန ၏ ထုတ်ပြန်ချက်အရ မတ်လ ၂၅ ရက်နေ့ ဒေသစံတော်ချိန် ၂၃ နာရီ ၃၇ မိနစ် အချိန်တွင် ဂျပန် နိုင်ငံ Hachijō-jima ကျွန်း အရှေ့ပိုင်း ပင်လယ်ပြင် ၌ ပြင်းအား ၆.၁ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ကြောင်း သိရှိခဲ့ရပြီး ယင်းငလျင်ကြောင့် ဆိုနာမီ သတိပေး ကြေညာချက် မထုတ်ပြန်ထားကြောင်း သိရှိခဲ့ရသည်။

ဂျပန် နိုင်ငံ မိုးလေဝသ ဌာန က ငလျင် သည် Hachijō-jima ကျွန်း အရှေ့ပိုင်း ပင်လယ်ပြင်တွင် မြေအောက်အနက် ၄၀ ကီလိုမီတာ ကို ဗဟိုပြုလှုပ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း ၊ Hachijō-jima ကျွန်း သည် တိုဂျိုမြို့ နှင့် ၃၀၀ ကီလိုမီတာ အကွာအဝေး တွင် တည်ရှိသော်လည်း ငလျင်ဖြစ်ပွား ချိန်တွင် တိုဂျိုမြို့ နှင့် အနီးတစ်ဝိုက်ရှိ မြို့များတွင် ငလျင်လှုပ်ခတ်မှု ကို ခံစားသိရှိခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။

ဂျပန် နိုင်ငံ သည် ပစိဖိတ်သမုဒ္ဒရာ ၏ ငလျင်ကြောပေါ် တွင် တည်ရှိပြီး ကမ္ဘာပေါ်တွင် ငလျင်ကြော အများဆုံး တည်ရှိရာ ဒေသလည်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.