Connect with us

Asia

အင်ဒိုနီးရှား နိုင်ငံ Maluku ပြည်နယ် အနီးရှိ ပင်လယ်ပြင် တွင် ပြင်းအား ၆.၉ အဆင့်ရှိ ငလျင် လှုပ်ခတ်

အင်ဒိုနီးရှား နိုင်ငံ တွင် မတ်လ ၂ ရက်နေ့၌ လှုပ်ခတ် ခဲ့သည့် ငလျင်ကြောင့် ပျက်စီးမှု များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ အရှေ့ပိုင်း Maluku ပြည်နယ် အနီးရှိ ပင်လယ်ပြင်တွင် မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်း အချိန်၌ ပြင်းအား ၆.၉ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံး ဒဏ်ရာရရှိမှု စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။

အင်ဒိုနီးရှား နိုင်ငံ မိုးလေဝသ ဌာန ၏ ထုတ်ပြန်ချက်အရ ငလျင်သည် မတ်လ ၂၆ ရက်နေ့ ဒေသစံတော်ချိန် ၃ နာရီ ၁၄ မိနစ် တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး Maluku ပြည်နယ် မြို့တော် အရှေ့တောင်ပိုင်း ၃၇၆ ကီလိုမီတာ အကွာအဝေးရှိ ပင်လယ်ပြင် တွင် မြေအောက် အနက် ၁၆၉ ကီလိုမီတာ ကို ဗဟိုပြုလှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။

အင်ဒိုနီးရှား နိုင်ငံ ငလျင် တိုင်းတာရေး စင်တာ အနေဖြင့် ယခု လှုပ်ခတ် ခဲ့သည့် ငလျင် နှင့် ပတ်သက်၍ ဆိုနာမီ သတိပေး ကြေညာချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရှိရသည်။

အင်ဒိုနီးရှား နိုင်ငံ သည် ပစိဖိတ်သမုဒ္ဒရာ ၏ ငလျင်ကြောပေါ် တွင် တည်ရှိပြီး နှစ်စဉ် ငလျင် အကြိမ်ပေါင်း ထောင်နှင့်ချီ၍ ဖြစ်ပွားလေ့ရှိကာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ တွင် အင်ဒိုနီးရှား နိုင်ငံ ၌ ဖြစ်ပွား ခဲ့သည့် ငလျင်ကြောင့် ဆိုနာမီ ဖြစ်ပွားခဲ့ရာ လူပေါင်းများစွာ သေဆုံးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.