နယူးဒေလီ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရက်ပြည်နယ်တွင် ၂၀၀၈ခုနှစ်ကဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများနှင့် ဆက်စပ်၍ အိန္ဒိယနိုင်ငံတွင် အလိုရှိဆုံး ရာဇဝတ်ကောင်များအနက် တစ်ဦးဖြစ်သည့် Abdul Subhan Qureshi alias Tauqeer အား ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေလီရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၂ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်း ယာလာပြည်နယ် ရှိ သားငါးဈေးတစ်ခုတွင် ဇန်နဝါရီ ၂၂ရက်က အင်အားပြင်းထန်သည့် လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ လူ ၃ဦးသေဆုံးပြီး အခြားလူ ၁၈ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အနောက်မြောက်ရှိ ခရက်ကာမုန့်ထုတ်လုပ်သော စက်ရုံတစ်ရုံ၌ ဇန်နဝါရီလ ၂၀ ရက် ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း မီးသတ်ဋ္ဌာန တာဝန်ရှိသူများ၏ ပြောကြားချက်အား ကိုးကား၍ မီဒီယာများက သတင်းဖော်ပြထားသည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အက်ဆမ်ပြည်နယ်တွင် ဇန်နဝါရီလ ၂၀ ရက် နံနက်ပိုင်းက အင်အား အသင့်အတင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပြုံးယမ် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ အမေရိကန် ရေးရာ သုတေသန ဌာန ပြောရေး ဆိုခွင့်ရှိသူ က ဇန်နဝါရီ ၁၈ ရက်နေ့ ၌ အမေရိကန် နိုင်ငံ ၏ လတ်တလော...
အက်စ်တာနာ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ကာဇက်စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဘတ်စ်ကား တစ်စီး ဇန်နဝါရီလ ၁၈ ရက်က မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံး ဥဇဘက်ကစ္စတန်နိုင်ငံသား ၅၂ ဦး သေဆုံးခဲ့ကြောင်း အရေးပေါ်ဋ္ဌာန တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။
အိုဆာကာ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ပြုလုပ်မည့် တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ (China International Import Expo= CIIE) နှင့် ရှန်ဟိုင်းတွင် ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်းအား...
ဂျကာတာ ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၏ စတော့ရှယ်ယာဈေး အဆောက်အအုံ ကြမ်းခင်းတစ်လွှာပြိုကျခဲ့ခြင်းကြောင့် လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ခြင်းအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားရဲအရာရှိတစ်ဦးက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဆိုးလ် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) လီဝူဆန်း (Lee Woo-sung ) ဦးဆောင်သော တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့်ကွမ်ဟွတ်ခ်ဘွန်း ( Kwon Hook Bong ) ဦးဆောင်သော မြောက်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့တို့သည် ဇန်နဝါရီလ ၁၅ ရက်တွင် နှစ်နိုင်ငံနယ်စပ် ပန်မွန်ဂျုံရွာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့များသည် ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် တွင် နိုင်ငံတကာဈေးကွက်သို့ တရားမဝင်ဖြန့်ချိမည့် ပါကစ္စတန်ရူပီး ၃.၅ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၂သန်း) တန်ဖိုးရှိသော မူးယစ်ဆေးဝါး ၄၀၀ကီလိုဂရမ်များကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း နိုင်ငံပိုင် Radio Pakistan က...