ဆိုးလ်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Milyang မြို့တွင် ဆေးရုံတစ်ခု မီးလောင်မှုကြောင့် သေဆုံးသူဦးရေသည် ၃၃ဦးအထိမြင့်တက်လာကြောင်း မီးသတ်အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းများ၌ ဇန်နဝါရီ ၂၆ရက်တွင် ဖော်ပြခဲ့သည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း Chhattisgarh ပြည်နယ် တွင် ဇန်နဝါရီ ၂၄ရက်က ဖြစ်ပွားခဲ့သည့် သေနတ်တိုက်ပွဲတစ်ခုကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၄ဦးသေဆုံးပြီး လူ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
ဖနွမ်းပင်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ်တက်ချို ဟွန်ဆန် (Samdech Techo Hun Sen) သည် အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) တွင် ထွက်ခွာသွားပြီဖြစ်ကြောင်း အဆင့်မြင့် အရာရှိကြီး တစ်ဦးက...
ဂျကာတာ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် ဇန်နဝါရီ ၂၃ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည် ငလျင်တစ်ခုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး နေအိမ်များ၊ အဆောက်အအုံများ နှင့် အများပြည်သူဆိုင်ရာ အဆောက်အဦး ၁,၁၀၀လုံး ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂၄ရက်တွင်ပြောကြားခဲ့သည်။
တိုကျိူ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အရှေ့ပိုင်း ဂန်မာပြည်နယ်ရှိ မီးတောင် ပေါက်ကွဲမှုကြောင့် ဆီးနှင်းများထူထပ်စွာ ပြိုကျလာပြီးနောက် လူ ၆ ဦး နစ်မြုပ်ခဲ့သည့်အနက် ဂျပန်နိုင်ငံ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (GSDF) အဖွဲ့ဝင် တစ်ဦး သေဆုံးသွားကြောင်း ဒေသတွင်း မီဒီယာက ဇန်နဝါရီလ ၂၃...
နယူးဒေလီ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရက်ပြည်နယ်တွင် ၂၀၀၈ခုနှစ်ကဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများနှင့် ဆက်စပ်၍ အိန္ဒိယနိုင်ငံတွင် အလိုရှိဆုံး ရာဇဝတ်ကောင်များအနက် တစ်ဦးဖြစ်သည့် Abdul Subhan Qureshi alias Tauqeer အား ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေလီရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၂ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်း ယာလာပြည်နယ် ရှိ သားငါးဈေးတစ်ခုတွင် ဇန်နဝါရီ ၂၂ရက်က အင်အားပြင်းထန်သည့် လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ လူ ၃ဦးသေဆုံးပြီး အခြားလူ ၁၈ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အနောက်မြောက်ရှိ ခရက်ကာမုန့်ထုတ်လုပ်သော စက်ရုံတစ်ရုံ၌ ဇန်နဝါရီလ ၂၀ ရက် ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း မီးသတ်ဋ္ဌာန တာဝန်ရှိသူများ၏ ပြောကြားချက်အား ကိုးကား၍ မီဒီယာများက သတင်းဖော်ပြထားသည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အက်ဆမ်ပြည်နယ်တွင် ဇန်နဝါရီလ ၂၀ ရက် နံနက်ပိုင်းက အင်အား အသင့်အတင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပြုံးယမ် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ အမေရိကန် ရေးရာ သုတေသန ဌာန ပြောရေး ဆိုခွင့်ရှိသူ က ဇန်နဝါရီ ၁၈ ရက်နေ့ ၌ အမေရိကန် နိုင်ငံ ၏ လတ်တလော...