Connect with us

Asia

တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ ကျင်းပရန်အတွက် ရှန်ဟိုင်းမှ ကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံတွင် မိတ်ဆက်ရှင်းလင်း

တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကျင်းပမည့် အဆောက်အဦအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အိုဆာကာ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ပြုလုပ်မည့် တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ (China International Import Expo= CIIE) နှင့် ရှန်ဟိုင်းတွင် ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်းအား ရှန်ဟိုင်းမြို့မှ ကိုယ်စားလှယ်အဖွဲ့က ဂျပန်နိုင်ငံ၌ ဇန်နဝါရီလ ၁၆ ရက်က မိတ်ဆက်ခဲ့ကြောင်း သိရသည်။

CIIE အား တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီးဋ္ဌာနနှင့် ရှန်ဟိုင်း မြို့စည်ပင်သာယာရေး ပြည်သူ့အုပ်ချုပ်ရေးတို့က ပူးတွဲကျင်းပခြင်းဖြစ်ပြီး လွတ်လပ်စွာ ကုန်သွယ်ရေး၊ ကမ္ဘာလုံးလွှမ်းခြုံစီးပွားရေးနှင့် ကမ္ဘာ့ဈေးကွက်သို့ ပွင့်လင်းတက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် တရုတ်နိုင်ငံ အစိုးရ၏ အခိုင်အမာ ထောက်ပံ့ပေးမည့် အရေးပါသော ပြောင်းလဲမှုတစ်ရပ်လည်း ဖြစ်ကြောင်း ရှန်ဟိုင်းမြို့စည်ပင်သာယာရေး စီးပွားရေးကော်မရှင် ဥက္ကဋ္ဌ ဆန်းယွီယွင် (Shang Yuying) က ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းကဆက်၍ CIIE သည် ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများအတွက် တရုတ်နိုင်ငံ ဈေးကွက်တွင် ပိုမိုချဲ့ထွင်လုပ်ဆောင်နိုင်ရန်၊ တရုတ်နိုင်ငံနှင့် ရှန်ဟိုင်းမြို့၏ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များ မျှဝေရန် အခွင့်အလမ်းသစ်များနှင့် ပေါင်းကူးအသစ်တစ်ခုအဖြစ် ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

ဂျပန်-တရုတ် စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးစင်တာ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ တာကာရှီ အာဆာဒါ (Takashi Asada) က တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စီးပွားရေးနှင့် အဓိက တင်သွင်းသူ (Importer) နှင့် သုံးစွဲသူ (Consumer) ဖြစ်ကြောင်း၊ CIIE က ဂျပန်နိုင်ငံနှင့် ကမ္ဘာတစ်ဝန်းမှ စီးပွားရေးလုပ်ငန်းများ အားလုံးအတွက် ကြီးမားသော အခွင့်အလမ်းများ ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဖြတ်ကျော် e-commerce နှင့် ရှန်ဟိုင်း လွတ်လပ်သော ကုန်သွယ်မှုဇုန်နှင့် အခြားအကြောင်းအရာများအပေါ် တရုတ်နိုင်ငံ၏ မူဝါဒများနှင့် ပတ်သက်၍ တက်ရောက်လာသူများ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117