Connect with us

Asia

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မီးလောင်မှုဖြစ်ပွား၊ လူ ၁၇ ဦး သေဆုံး


နယူးဒေလီ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အနောက်မြောက်ရှိ ခရက်ကာမုန့်ထုတ်လုပ်သော စက်ရုံတစ်ရုံ၌ ဇန်နဝါရီလ ၂၀ ရက် ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း မီးသတ်ဋ္ဌာန တာဝန်ရှိသူများ၏ ပြောကြားချက်အား ကိုးကား၍ မီဒီယာများက သတင်းဖော်ပြထားသည်။

အဆိုပါ ခရက်ကာစက်ရုံသည် နယူးဒေလီမြို့၏ ဘော်ဝနာနယ်မြေတွင် တည်ရှိသည်။မီးလောင်မှုဖြစ်ပွားမှုအပေါ် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ၎င်း၏ တွစ်တာပေါ်၌ “ဘော်ဝနာက စက်ရုံ မီးလောင်းကျွမ်းမှုအတွက် အင်မတန်ကြေကွဲဝမ်းနည်းရပါတယ်။ မီးလောင်မှုကြောင့် အသက်ဆုံးရှုံးသွားသူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူခံစားရပါတယ်” ဟု ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အနောက်မြောက်ရှိ ခရက်ကာမုန့်ထုတ်လုပ်သောစက်ရုံတွင် ဇန်နဝါရီလ ၂၀ ရက်ညပိုင်းက မီးလောင်ကျွမ်းခဲ့သည့်ကိုတွေ့ရစဉ် (ဆင်ဟွာ)

နောက်ဆုံးရရှိသည့် သတင်းများအရ အဆိုပါ လုံးဝ မီးငြိမ်းသွားပြီဖြစ်ကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောက်ရွက်နေပြီဖြစ်ကြောင်း၊ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းအား စုံစမ်းရန် ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117