Connect with us

Asia

စတော့ဈေး အဆောက်အအုံ ကြမ်းခင်းပြိုကျမှုအား အင်ဒိုနီးရှားနိုင်ငံက စုံစမ်းစစ်ဆေးမှုပြုလုပ်မည်


ဂျကာတာ ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၏ စတော့ရှယ်ယာဈေး အဆောက်အအုံ ကြမ်းခင်းတစ်လွှာပြိုကျခဲ့ခြင်းကြောင့် လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ခြင်းအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားရဲအရာရှိတစ်ဦးက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

အဆောက်အအုံပြိုကျမှုဖြစ်ပွားပြီးနောက် ယင်းကိစ္စရပ်အား ထိရောက်စွာ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် Setyo Wasisto က ထုတ်ဖော်ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ စတော့ဈေး အဆောက်အအုံပြိုကျမှုတွင် ဒဏ်ရာရသူများကို ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ စတော့ဈေး အဆောက်အအုံပြိုကျမှုတွင် ဒဏ်ရာရသူများကို ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ စတော့ဈေး အဆောက်အအုံပြိုကျမှုတွင် ဒဏ်ရာရသူများကို ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

“ အဆောက်အအုံတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင် အသေးစိတ်ပုံစံ ရှိပါတယ်။ အဲဒီအဆောက်အအုံ သက်တမ်းဘယ်လောက်ကြာကြာ ခိုင်မာမှု ရှိအုံးမလဲ ဆိုတာ အဲဒီမှာ အချက်အလက်တွေ ရှိကို ရှိရပါမယ် ” ဟု ရဲမှူးချုပ်က ရဲဌာနချုပ်တွင် ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် ပေါက်ကွဲမှုဖြစ်စဉ်တစ်ခု မဟုတ်သည်မှာ သေချာကြောင်း ပြောရေးဆိုခွင့်ရှိသူ က ဆိုသည်။ အင်ဒိုနီးရှားနိုင်ငံငွေကြေးဝန်ဆောင်မှု အာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးမှုကို ထောက်ခံအားပေးကြောင်း နိုင်ငံတကာငွေကြေးဝန်ဆောင်မှုဌာနအာဏာပိုင်အဖွဲ့အကြီးအကဲ Anto Prabowo က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.