နယူးဒေလီ၊ မတ် ၁၀ ရက် (ဆင်ဟွာ) အိန္ဒိယဆရာဝန်များက ကမ္ဘာ့အဝဆုံးအမျိုးသမီးအဖြစ် ယူဆရသော ကိုယ်အလေးချိန် ၅၀၀ကီလိုဂရမ်ရှိသည့် အီဂျစ်အမျိုးသမီးတစ်ဦးအား မွမ်ဘိုင်းမြို့ရှိ ပုဂ္ဂလိကဆေးရုံးတစ်ခုတွင် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း မတ် ၉ရက်ကပြောကြားခဲ့သည်။
ဆိုးလ်၊ မတ် ၁၀ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက သမ္မတ ပက်ဂွမ်ဟေးအား စွပ်စွဲပြစ်တင်ခြင်းအဆိုကို ထောက်ခံလိုက်ပြီး တောင်ကိုရီးယားနိုင်ငံသမ္မတ ပက်ဂွမ်ဟေးအား မတ်လ ၁၀ ရက်တွင် သမ္မတရာထူးမှ အပြီးအပိုင် ရပ်စဲလိုက်ကြောင်း သိရသည်။
နယူးဒေလီ၊ မတ် ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံအလယ်ပိုင်း မဒရာပရာဒတ်ရှ်ပြည်နယ်တွင် မတ်လ ၇ ရက်က ခရီးသည်တင် ရထားတစ်စင်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
ကွာလာလမ်ပူ၊ မတ် ၇ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇက် က နိုင်ငံအတွင်းရှိ မြောက်ကိုရီးယားနိုင်ငံသားအားလုံးကို မလေးရှားနိုင်ငံမှ ထွက်ခွာခွင့် ပိတ်ပင်သွားရန် ရဲတပ်ဖွဲ့အား ညွှန်ကြားထားကြောင်း မတ် ၇ရက်ကပြောကြားခဲ့ပြီး ယင်းညွှန်ကြားချက်သည် မြောက်ကိုရီးယားက အလားတူပိတ်ပင်မှုမျိုး ပြုလုပ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပြုံယမ်း၊ မတ် ၇ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံအတွင်းရှိ မြောက်ကိုရီးယား သံတမန်နှင့် နိုင်ငံသားများ ဘေးကင်း လုံခြုံမှု အပြည့်အဝ မရမချင်း မလေးရှား နိုင်ငံသားအားလုံးကို ပြည်တွင်းမှ ထွက်ခွာခွင့် ယာယီ ပိတ်ပင်လိုက်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်း သတင်း အေဂျင်စီ KCNA က မတ်လ...
ပြုံယမ်း၊ မတ် ၇ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က မလေးရှားနိုင်ငံမှ သံအမတ်ကြီးအား “လက်မခံသင့်သော ပုဂ္ဂိုလ်” အဖြစ် ခေါင်းစဉ်တပ်ခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၁၀နာရီ မှ စ၍ ၄၈နာရီအတွင်း နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် အလိုရှိကြောင်း မတ် ၆ ရက်က...
ခတ္တမန္ဒူ ၊ မတ် ၇ ရက်(ဆင်ဟွာ) အသက် ၈၆ နှစ်အရွယ်ရှိ နီပေါလူမျိုး ဂေါရခါးစစ်သားဟောင်း အဖိုးအိုတစ်ဦးသည် ကွိုမိုလန်မ ( Qomolangma) တောင်တက်မည်ဟု ထုတ်ဖော်ကြေညာလိုက်ရာ ထိုတောင်တက်မည့် ကမ္ဘာ့အသက်အကြီးဆုံးလူသား တစ်ဦးဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သိရသည်။
ဆိုးလ် ၊ မတ် ၆ ရက် (ဆင်ဟွာ) မြောက်ကိုးရီးယား နိုင်ငံ သည် မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် Pyongan ပြည်နယ်မြောက်ပိုင်းဒေသ မှ ကိုးရီးယား ကျွန်းဆွယ် အရှေ့ပိုင်း ပင်လယ်ပြင် သို့ ဒုံးကျည် ၄ စင်း ပစ်လွှတ် ခဲ့ကြောင်း...
တိုကျို၊ မတ် ၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အလယ်ပိုင်း ရှိ နာဂါနိုစီရင်စု တွင် မတ်လ ၅ရက် မွန်းလွဲပိုင်းက လူ၉ဦး လိုက်ပါလာသည့် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သိရသည်။
မနီလာ ၊ မတ် ၅ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Surigao မြို့အနီး၌ဗဟိုပြု၍ ယနေ့(မတ်လ ၅ ရက်)တွင် ပြင်းအား ၅.၉ အဆင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့် ငလျင်ဆိုင်ရာ သိပ္ပံဌာနမှ သတင်းထုတ်ပြန်သည်။