Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံတွင် နှစ်သစ်ကူး မီးရှူးမီးပန်းပစ်ဖောက်ရာမှ လူ ၈ ဦး ဒဏ်ရာရ

နှစ်သစ်ကူးအကြို မီးရှူးမီးပန်းပစ်ဖောက်နေသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဖနွမ်းပင်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ကမ္ဘောဒီယားနိုင်ငံ Kep ပြည်နယ်ရှိ နာမည်ကျော် ကမ်းခြေတစ်ခုတွင် နှစ်သစ်ကို ကြိုဆိုသောအားဖြင့် မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့ရာ မတော်တဆ မီးလောက်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသား ရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီလ ၁ ရက်တွင် ဖော်ပြထားသည်။

Kep ကမ်းခြေတွင် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် ၁၀၀,၀၀၀ ခန့် လာရောက်ကာ နှစ်သစ်ကြိုရန် ရောက်ရှိနေကြပြီး ဇန်နဝါရီလ ၁ ရက် ဒေသစံတော်ချိန် ည ၁၁း၀၀ နာရီတွင် အမှတ်တမဲ့ပစ်လွှတ်လိုက်သော မီးရှူးမီးပန်းများ ပေါက်ကွဲမှုစတင်ခဲ့ခြင်း ဖြစ်ကြောင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဒဏ်ရာရသူများတွင် အမျိုးသမီး သုံးဦးပါဝင်ကြောင်း၊ ဒဏ်ရာရသူများအား Kep ပြည်နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူစေခဲ့ကြောင်း၊ ၎င်းတို့အားလုံး သက်သာသွားပြီဖြစ်သလို မိမိတို့တည်းခိုရာနေရာသို့ ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုအား မီးသတ်ကား လေးစီးဖြင့် နှစ်နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဒေသတွင်း မီဒီယာမှ ရုပ်ကူးထားသည့် ရုပ်သံတွင် မီးရှူးမီးပန်း ပေါက်ကွဲမှုကြောင့် လူအများ ကြောက်ရွံ့စွာ အော်ဟစ်သံများနှင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြပုံများအား ပြသထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.