Connect with us

Asia

သီရိလင်္ကာ နိုင်ငံ ဝန်ကြီးချုပ် က တရုတ် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်သည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တည်ဆောက်ရေး စီမံကိန်း အား သွားရောက်ကြည့်ရှု

သီရိလင်္ကာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် ကိုဘံဘို ဆိပ်ကမ်း မြို့တော် တည်ဆောက်နေမှု ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

သီရိလင်္ကာ နိုင်ငံ ဝန်ကြီးချုပ် Ranil Wickremesinghe က ဇန်နဝါရီ ၂ ရက်နေ့၌ သီရိလင်္ကာ-တရုတ် နှစ်နိုင်ငံ ပူပေါင်းဆောင်ရွက်သည့် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး တွင် ပါဝင်သည့် ကိုလံဘို ဆိပ်ကမ်း မြို့တော် စီမံကိန်း ကို သွားရောက်ကြည့်ရှုခဲ့ပြီး တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ တို့မှ ကိုဘံဘို ဆိပ်ကမ်း မြို့တော် တည်ဆောက်ရေး တွင် ဆောင်ရွက်မှုများ အပေါ် ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။

ဆိပ်ကမ်း မြို့တော် စီမံကိန်း တွင် ပါဝင်ခဲ့သည့် သီရိလင်္ကာ နိုင်ငံ အရာရှိ က ကိုလံဘို ဆိပ်ကမ်း သည် နိုင်ငံတကာ စံချိန်စံညွှန်းများ ဖြင့် တည်ဆောက် မည့် စီမံကိန်း တစ်ခု ဖြစ်ပြီး သီရိလင်္ကာ နိုင်ငံ အား အိန္ဒိယ သမုဒ္ဒရာ ဒေသတွင် အရေးပါသည့် ဗဟို နေရာ တစ်ခု ဖြစ်အောင် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကိုလံဘို ဆိပ်ကမ်း မြို့တော် စီမံကိန်း သည် ကိုလံဘို ၏ ဗဟို စီးပွားရေး ဇုန် ၏ အရေးပါသည့် ဆိပ်ကမ်း တစ်ခု ဖြစ်ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ လ တွင် စတင်ခဲ့သည့် စီမံကိန်း တစ်ခု ဖြစ်သည်။ ထို့ပြင် ကိုလံဘို ဆိပ်ကမ်း သည် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး တွင် သီရိလင်္ကာ နှင့် ချိတ်ဆက်မည့် အဓိက စီမံကိန်း တစ်ခု ဖြစ်ပြီး နှစ်နိုင်ငံ အတူတကွ ဆောင်ရွက်သည့် စီမံကိန်း တစ်ခု ဖြစ်သည်။

ဆိပ်ကမ်းမြို့တော် တည်ဆောက်ရေး အစီအစဉ် အရ မြေဧရိယာ စုစုပေါင်း စတုရန်း မီတာ ၂.၆၉ သန်း ကို ပင်လယ်ကမ်းခြေ မှ မြေဖို့ခြင်း ဆောင်ရွက်မည် ဖြစ်ပြီး စီမံကိန်း စုစုပေါင်း ဧရိယာ မှာ စတုရန်း မီတာ ၅.၆၅ သန်း တည်ရှိမည် ဖြစ်သည်။ စီမံကိန်း တွင် နေအိမ်များ ၊ ဟိုတယ်များ ၊ လုပ်ငန်း ကုမ္ပဏီ အဆောက်အဦများ နှင့် ဈေးဝယ် စင်တာ စသည် တို့ တည်ဆောက်ခြင်း ပါဝင်မည် ဖြစ်ပြီး စီမံကိန်း သည် ပထမ ၅ နှစ် မှ ၈ နှစ် အတွင်း အခြေခံ အဆင့်ပြီးစီးမည် ဖြစ်ကာ ၂၀ နှစ် မှ ၂၅ နှစ် အတွင်း စီမံကိန်း အားလုံး ပြီးစီးမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.