Connect with us

Asia

အိန္ဒိယ သရုပ်ဆောင် Rajinikanth က နိုင်ငံရေးလောကသို့ဝင်ပြီဖြစ်ကြောင်း ကြေညာ

အိန္ဒိယ ရုပ်ရှင်မင်းသားကြီး Rajinikanth အား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

နာမည်ကျော် အိန္ဒိယ ရုပ်ရှင်မင်းသားကြီး Rajinikanth သည် မကြာမီ ကိုယ်ပိုင် ပါတီထောင်ကာ နိုင်ငံရေးလောကသို့ ဝင်ရောက်မည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်က ကြေညာလိုက်သည်။

အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီလ်နာဒူပြည်နယ်တွင် နေထိုင်သော အဆိုပါ မင်းသားကြီးက အချိန်ကျရောက်ပြီဖြစ်သဖြင့် နိုင်ငံရေးလောကသို့ ဝင်ရောက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်ရဲ့ တာဝန်တွေကို ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ စနစ်တွေကို ကျွန်တော်တို့ ပြောင်းလဲကြမယ်။ ဒီဆုံးဖြတ်ချက်ကို ကျွန်တော် မချနိုင်ဘူးဆိုရင် အဲဒီအပြစ်က ကျွန်တော့်ကို ခြောက်လှန့်နေလိမ့်မယ်” တမီလ်နာဒူပြည်နယ် မြို့တော် ချန်နိုင်း၌ အသက် ၆၇ နှစ်အရွယ် Rajinikanth က ပြောကြားခဲ့သည်။

Rajinikanth သည် ၎င်း၏ ပရိသတ်များနှင့် ခြောက်ရက်ကြာ တွေ့ဆုံခဲ့ပြီးနောက် ၎င်း၏ ဆုံးဖြတ်ချက်အား ကြေညာလိုက်ခြင်း ဖြစ်သည်။

ပါတီအနေဖြင့် ၂၀၂၁ ခုနှစ်တွင် တမီလ်နာဒူ ပြည်နယ် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်း ၎င်းက ဆိုသည်။

ယုံကြည်မှု၊ ကြိုးစားအားထုတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ၎င်းတို့ ပါတီ ဆောင်ပုဒ်ဖြစ်ကြောင်း Rajinikanth က ပြောသည်။

အဆိုပါ ဝါရင့် သရုပ်ဆောင်သည် တမီလ်ရုပ်ရှင်လောက၌ အားကိုးအားထားပြုဖွယ်ရာ သရုပ်ဆောင် တစ်ဦးဖြစ်ပြီး နတ်ဘုရားငယ် တစ်ပါးသဖွယ် ၎င်း၏ ပရိသတ်များက ရှုမြင်ကြောင်း သိရသည်။ (Xinhua)