ကွာလာလမ်ပူ ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) မကြာသေးမီက စင်ကာပူနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သည့် အမျိုးသမီးတစ်ဦးထံမှ ဇီကာဗိုင်းရပ်စ် ရောဂါကို ပထမဆုံး တွေ့ရှိကြောင်း မလေးရှားနိုင်ငံအစိုးရတာဝန်ရှိသူများက စက်တင်ဘာလ ၁ ရက်တွင် အတည်ပြုပြောကြားသည်။
ဘန်ကောက် ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံထုတ် ပို့ဆောင်ရေးလေယာဉ်သစ် နှစ်စင်းကို ထိုင်းနိုင်ငံ လေတပ်မှ ဝယ်ယူခဲ့ကြောင်း စက်တင်ဘာ ၁ ရက် ထုတ် ထိုင်းပြည်တွင်း သတင်းစာများက ရေးသားဖော်ပြသည်။
နယူးဒေလီ ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အိန္ဒိယ၌ သတ်မှတ် ရက်ထက်ပို၍ ရက်တိုးမြှင့် နေထိုင်သွားရန် ရှိကြောင်း အိန္ဒိယအရာရှိများက စက်တင်ဘာ ၁ ရက်တွင်ပြောကြားသည်။
တိုကျို ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံတွင် အင်အားပြင်းထန်သော Lionrock တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခံရပြီး မြေပြိုမှုဖြစ်ပွားခဲ့ရာ နိုင်ငံမြောက်ပိုင်း Iwate စီရင်စု Iwaizumi မြို့ရှိ ဘိုးဘွားရိပ်သာ တစ်ခုအနီး၌ လူသေအလောင်း ၉ လောင်းကို သြဂုတ်လ ၃၁ ရက်က ရှာဖွေတွေ့ရှိခဲ့ကြောင်း...
ကိုလမ်ဘို၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) သီရိလင်္ကာ သမ္မတ၏ တရားဝင် ဝက်ဘ်ဆိုဒ်သို့ လွန်ခဲ့သည့် ရက်သတ္တပတ်က တရားမဝင် ဝင်ရောက်ကာ အချက်အလက်များ ခိုးယူခဲ့မှုတွင် ဒုတိယမြောက် ကျူးလွန်သူဟု ယူဆရသူအား သီရိလင်္ကာ ရဲတပ်ဖွဲ့က သြဂုတ်လ ၃၀ ရက်က ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ဂျာကာတာ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် တွင် သြဂုတ် ၃၀ ရက် က ပုဂ္ဂလိက လေယာဉ်သင်တန်းကျောင်း တစ်ခု မှ လေယာဉ်ငယ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့၍ လေယာဉ်ပေါ်ရှိ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုကျို၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်ဘက် ဝါကာရာမမြို့ ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ၌ သြဂုတ် ၂၉ ရက် နံနက်ပိုင်းက ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြား သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
နယူးဒေလီ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသအတွင်း၌ ၅၂ ရက်ကြာ ညမထွက်ရ အမိန့်အား သြဂုတ်လ ၂၉ ရက်တွင် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
နယူးဒေလီ ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် သြဂုတ်လ ၂၈ ရက်က (SCRAMJET) ဒုံးပျံသစ် တစ်စင်းကို နိုင်ငံတောင်ပိုင်းရှိ Sriharikota အာကာသဒုံးပျံ ပစ်လွှတ်စင် မှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ဂျကာတာ ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၏ မြောက်ဆူမာတြားကျွန်းပေါ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုထဲ၌ သြဂုတ်လ ၂၈ ရက်တွင် ဓမ္မဆရာတစ်ဦးက တရားဟောနေစဉ် လူတစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။