ဂျကာတာ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ခရီးသည် ၁၇ ဦးလိုက်ပါလာသည့် စက်လှေတစ်စင်းသည် အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း၌ သြဂုတ်လ ၂၁ ရက် (ယနေ့)တွင် တိမ်းမှောက်ခဲ့ရာ လူ ၁ဝ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရကာ ၅ ဦးပျောက်ဆုံးနေကြောင်း ရေတပ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ က ၎င်းဝတ်ဆင်ခဲ့သော ဝတ်စုံကို အမေရိကန်ဒေါ်လာ ၇ဝဝ,ဝဝဝ ဖြင့် လေလံတင်ရောင်းချခဲ့ရာ ၎င်းမှာ ကမ္ဘာ့ဈေးအကြီးဆုံးဝတ်စုံအဖြစ် ဂင်းနစ်စံချိန်စာအုပ်၌ မှတ်တမ်းတင်ခြင်းခံရကြောင်း ANI သတင်းဌာနက သြဂုတ်လ ၂ဝ ရက်တွင် သတင်းဖော်ပြခဲ့သည်။
မနီလာ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက နိုင်ငံတွင်းမူးယစ်ဆေးဝါးတိုက်ဖျက်မှု လုပ်ငန်းစဉ်တွင် အကူအညီပေးရန် တရုတ်နိုင်ငံက ကမ်းလှမ်းခဲ့ခြင်းအပေါ် ကျေးဇူးတင်ကြောင်း သြဂုတ်လ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
နယူးဒေလီ၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း မတ်ဒ်ဟာ ပရာဒတ်ရှ်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ နေအိမ် တစ်လုံး ပြိုကျခဲ့ရာ ကလေးငယ် ၄ ဦး အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ပြီး လူ ၃ ဦး...
ဖနွမ်းပင်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော် အန်ကော ရှေးဟောင်းအမွေအနှစ် ဥယျာဉ်အတွင်း ပိုကီမွန် ဂိုးဂိမ်း ကစားသူများအား ရှေးဟောင်းအမွေအနှစ်များ မပျက်စီးစေရန် သတိထားစေလိုကြောင်း ကမ္ဘောဒီးယား က သြဂုတ် ၁၉ ရက်တွင် သတိပေးပြောကြားလိုက်သည်။
နယူးဒေလီ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆက်ရှ်မာ ဆွာရက်ချ် (Sushma Swaraj) သည် လာမည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း၊ အစိုးရသစ် တက်လာပြီးနောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် သွားခြင်း ဖြစ်ကြောင်း...
ဒါကာ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ ရှောင်မီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထိပ်တန်း ဆဲလ်ဖုန်း အော်ပရေတာ ဂရမ်မင်းဖုန်းနှင့် ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုအဖြစ် စမတ်ဖုန်း သုံးမျိုးအား မိတ်ဆက်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ အဓိကအတိုက်အခံပါတီဖြစ်သည့် ကွန်ဂရက်ပါတီခေါင်းဆောင် မစ္စက်ဆိုနီယာဂန္ဒီသည် မြို့တော်ဒေလီရှိ ဆေးရုံတစ်ရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ဟွတ်ဟော့ ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုးလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းပိုင်း၌ လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝဝ ကျော်က ရေးချယ်ခဲ့သည့် အလွန်လှပသော ရှေးဟောင်းနံရံဆေးရေး ပန်းချီများပါရှိသည့် ဂူသင်္ချိုင်း သုံးခုကို ရှေးဟောင်းသုတေသနပညာရှင်များက ရှာဖွေတွေ့ရှိထားကြောင်း အာဏာပိုင်များက သြဂုတ်လ ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားသည်။
နယူးဒေလီ ၊ သြဂုတ် ၁၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ဗဟိုတရားရုံးချုပ်သည် ဟိန္ဒူဘာသာရေးပွဲတော်တစ်ခုဖြစ်သည့် Janmashitami (လူသားပိရမစ်) ပွဲတော်၌ အသက် ၁၈ နှစ်အောက် ကလေးငယ်များပါဝင်ခြင်းမပြုရန် သြဂုတ်လ ၁၇ ရက်တွင် အမိန့်ထုတ်ပြန်လိုက်ကြောင်းသိရသည်။