Connect with us

Asia

ကိုးရီးယားကျွန်းဆွယ် အနီးတွင် တောင်ကိုရီးယား၊ အမေရိကန် နှင့် ဂျပန်တို့ ဒုံးကျည်ခြေရာခံ ထောက်လှမ်းခြင်းဆိုင်ရာ စစ်ရေးလေ့ကျင့်

တောင်ကိုရီးယား၊ အမေရိကန် နှင့် ဂျပန်တို့ ကိုရီးယားကျွန်းဆွယ် တွင် အောက်တိုဘာလက ဒုံးကျည်ထောက်လှမ်းရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ၊ အမေရိကန်နိုင်ငံ နှင့် ဂျပန်နိုင်ငံတို့သည် မြောက်ကိုရီးယားနိုင်ငံမှ ပစ်ခတ်နိုင်ခြေရှိသည့် ပဲ့ထိန်းဒုံးကျည်များကို ခြေရာခံထောက်လှမ်းနိုင်ရန် ကိုရီးယားကျွန်းဆွယ် နှင့် ဂျပန်နိုင်ငံ အနီးရှိ ရေပြင်တွင် နှစ်ရက်ကြာ ပင်လယ်ရေကြောင်း စစ်ရေးလေ့ကျင့်မှုတစ်ခုကို စတင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပူးတွဲစစ်ဦးစီးချုပ် (JCS) ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာတစ်ခုက ဒီဇင်ဘာ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။

သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဒီဇင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ ကြာမြင့်နိုင်မည်ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံမှ ပစ်ခတ်နိုင်ခြေရှိသည့် ပဲ့ထိန်းဒုံးကျည်များကို ရှာဖွေခြေရာခံရန် ရည်ရွယ်ကြောင်း သိရသည်။ ယင်းစစ်ရေးလေ့ကျင့်မှုတွင် ရှာဖွေတွေ့ရှိသော ဒုံးကျည်များကို ဖျက်စီးသည့် အဆင့်မပါဝင်ကြောင်း သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုသို့ တောင်ကိုရီးယား ဖျက်သင်္ဘောတစ်စီး၊ အမေရိကန် စစ်သင်္ဘော ၂စီး နှင့် ဂျပန် ဖျက်သင်္ဘော တစ်စီး ပါဝင်လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။

စစ်သင်္ဘောများသည် တစ်စီး နှင့် တစ်စီး အချက်အလက်များဖလှယ်ကာ အသီးသီးသော ရေဒါစနစ်များမှ တစ်ဆင့် ကွန်ပြူတာစနစ်များအသုံးပြုကာ ပဲ့ထိန်းဒုံးကျည်များကို ရှာဖွေထောက်လှမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံအထိ ပစ်ခတ်နိုင်ကြောင်း ကြွေးကြော်ခဲ့သည့် တိုက်ချင်းပစ်ဒုံးကျည် Hwasong-15 အား နိုဝင်ဘာ ၂၉ ရက်တွင် စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် ယင်း စစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုပြုလုပ်မည့် သုံးနိုင်ငံ ဒုံးကျည်ထောက်လှမ်းရေး စစ်ရေးလေ့ကျင့်မှုသည် ၎င်းအမျိုးအစားတူ စစ်ရေးလေ့ကျင့်မှုများ၏ ၆ကြိမ်မြောက် စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး လေ့ကျင့်မှု ၃ခုကို ယခုနှစ် အစောပိုင်းတွင်ပြုလုပ်ခဲ့ကာ ကျန် ၂ခုကို ၂၀၁၆ခုနှစ်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.