Connect with us

Asia

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ဘတ်စ်ကားမှောက်မှုကြောင့် လူ ၂ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရ

အိန္ဒိယတွင် ဘတ်စ်ကား တစ်စီးတိမ်းမှောက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ကားတိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၁၃ ရက်တွင် ပြောကြားလိုက်သည်။

“အယ်လ်လာဟာဘတ် အဝေးပြေးလမ်းမပေါ်မှာ ခရီးသည်တင် ဘတ်စ်ကား တစ်စီးက ထရပ်ကား တစ်စီးနဲ့ ဝင်တိုက်ပြီးတော့ အခုလို ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာပါ။ ဘတ်စ်ကားပေါ်က ခရီးသည် နှစ်ဦးက နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ဘတ်စ်ကား ယာဉ်မောင်းအပါအဝင် အခြား ဒဏ်ရာရသူအားလုံးကို နီးစပ်ရာ အစိုးရ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာရသူများအနက် နှစ်ဦးမှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိကြောင်း ၎င်းက ဆိုသည်။

မျက်မြင်သက်သေများက ရဲတပ်ဖွဲ့သို့ ပြောကြားချက်အရ ဘတ်စ်ကားမှာ အရှိန်မြန်လွန်းသဖြင့် ယာဉ်မောင်းက ယာဉ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုအား စုံစမ်းစစ်ဆေးနေကြောင်း ယင်း တာဝန်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ယာဉ်မောင်း ကျွမ်းကျင်မှုအားနည်းခြင်းနှင့် လမ်းများနှင့် ယာဉ်များ ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းများကြောင့် ယာဉ် မတော်တဆမှု အများဆုံးဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.