ဆိုးလ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ စစ်တပ် က မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ ငါးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ပြီးနောက် နောက်ထပ် နျူကလီးယား စမ်းသပ်မှုတစ်ခုပြုလုပ်ရန် အသင့်ဖြစ်နေကြောင်း စက်တင်ဘာ ၁၂ရက်ကပြောကြားခဲ့သည်။
နန်နင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံအတွင်း ဘန်ကောက်နှင့် နာခွန် ရတ်ချာစီမာမြို့တို့အကြား ချိတ်ဆက်မည့် ရထားလမ်း တည်ဆောက်ခြင်းအား ယခုနှစ်အတွင်း စတင်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ပရာဂျင် ဂျန်တုန်က စက်တင်ဘာလ ၁၁ ရက်က ပြောကြားခဲ့သည်။
မနီလာ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ၉/၁၁ အကြမ်းဖက်မှုအပြီးတွင် ဖိလစ်ပိုင်အစွန်းရောက်အဖွဲ့ဖြစ်သော အဘူဆာရက်ဖ်အကြမ်းဖက်အဖွဲ့ ပိုမိုအားကောင်းလာခဲ့ကြောင်း အစိုးရ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဘန်ဒါ ဆရီ ဘီဂါဝမ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) Samsung Galaxy Note 7 ၏ ဘက်ထရီချို့ယွင်းချက်ကြောင့် ကမ္ဘာ့အနှံ့တွင်ပြန်လည်သိမ်းဆည်းနေသည့် ဖြစ်ရပ်ဖြစ်ပွားပြီးနောက် ဘရူနိုင်းနိုင်ငံ လေကြောင်းလိုင်း Royal Brunei (RB) က ၎င်း၏ လေယာဉ်များပေါ်တွင် မီးလောင်မှု ဖြစ်ပွားတတ်သည့် Samsung...
ဒါကာ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ အစွန်အဖျား တွန်ဂီမြို့နယ်ရှိ အထည်ချုပ်လုပ်ငန်းသုံး ပစ္စည်းစက်ရုံ၌ စက်တင်ဘာလ ၁၀ ရက် နံနက်ပိုင်းက ဘွိုင်လာအိုး တစ်လုံး ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၂၀ ဦး သေဆုံးကာ လူပေါင်း ၇၀...
နယူးဒေလီ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒီရှာပြည်နယ်တွင် စက်တင်ဘာလ ၉ ရက်က ပုဂ္ဂလိကပိုင် ဘတ်စ်ကား တစ်စီး တံတား တစ်စင်းပေါ်မှ ပြုတ်ကျခဲ့ပြီး အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိ...
နယူးဒေလီ၊ စက်တင်ဘာလ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ရေတပ် အခြေစိုက်စခန်း တစ်ခု၌ စက်တင်ဘာလ ၉ ရက်က တပ်သားသစ် စုဆောင်းမှုအတွက် လူငယ် ၁၀,၀၀၀ ဦး စုဝေးရောက်ရှိနေစဉ် လူအုပ်ပိမှု ဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖနွမ်းပင် ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ အတိုက်အခံပါတီ ဒုတိယခေါင်းဆောင် Kem Sokha အား ပြည့်တန်ဆာ အမှုတစ်ခုတွင် ရုံးတော်၌ အစစ်ဆေးခံရန် အယူခံငြင်းပယ်မှုအတွက် ဖနွမ်းပင်တရားရုံးက စက်တင်ဘာလ ၉ ရက်တွင် စတင် စစ်ဆေးနေကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ နှင့် တန်ဂျွန်ပီနန် တို့တွင် လူကုန်ကူးခြင်း ခံရသည့် မြန်မာနိုင်ငံသား ရေလုပ်သား ၁၁ ဦးကို မြန်မာသံရုံး၊ ဂျကာတာမြို့၏ စီစဉ်ဆောင်ရွက်မှုအရ International Organization for Migration (IOM) မှစရိတ်ကျခံလျက် မြန်မာနိုင်ငံသို့...
ဆိုးလ် ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) မြောက်ကိုးရီးယားနိုင်ငံ၌ ပြင်းအား ၅.ဝ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းမှာ ၎င်းတို့၏ ၅ ကြိမ်မြောက် နျူကလီးယားဗုံးတစ်လုံး စမ်းသပ်ဖောက်ခွဲမှုဖြစ်နိုင်ကြောင်း ယုန်ဟက်(Yonhap) သတင်းဌာနက စက်တင်ဘာလ ၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။