Connect with us

Asia

သမ္မတရှီက အီရန်သမ္မတ ထံ ငလျင်လှုပ်ခတ်မှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်အားတွေ့ရစဉ် (ဆင်ဟွာ)

ဗီယန်ကျန်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် အီရန်နိုင်ငံတွင် အနည်းဆုံး လူ ၄၄၅ဦးသေဆုံးပြီး အခြားလူ ၇,၁၀၀ကျော် ထိခိုက်ဒဏ်ရာရရှိစေခဲ့သော ငလျင်ပြင်းလှုပ်ခတ်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ကို အီရန်နိုင်ငံသမ္မတ ဟက်ဆန်ရိုဟာနီထံ နိုဝင်ဘာ ၁၄ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းသဝဏ်လွှာ၌ ရှီက အီရန်နိုင်ငံတွင် အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်းများစွာ သေဆုံးပြီး ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကြားသိရသည့်အတွက် အလွန်ထိတ်လန့်ကြေကွဲရပါကြောင်း ပြောကြားထားသည်။

ရှီက ၎င်းအပါအဝင် တရုတ်အစိုးရ နှင့် တရုတ်ပြည်သူများကိုယ်စား ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် အလွန်ဝမ်းနည်းကြေကွဲရပါကြောင်း နှင့် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ နှင့် သေဆုံးသူများ၏ မိသားစုဝင်များထံ ဆုတောင်းမေတ္တာပို့သပါကြောင်း ပြောကြားခဲ့သည်။

၎င်းက အီရန်သမ္မတ နှင့် အီရန်အစိုးရ၏ ခေါင်းဆောင်မှုအောက်တွင် အီရန်ပြည်သူများသည် အခက်အခဲအတားအဆီးများကို ရင်ဆိုင်ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း နှင့် ယင်းသို့ အခက်အခဲနှင့် ကြုံတွေ့ချိန်တွင် တရုတ်ပြည်သူများသည်လည်း အီရန်ပြည်သူများ နှင့် အတူ ခိုင်မာစွာ ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ အရှေ့ပိုင်း Halabja မြို့တောင်ဘက် ၃၂ကီလိုမီတာကို ဗဟိုပြု၍ အီရန်-အီရတ် နယ်စပ်တစ်လျှောက်ရှိ ဧရိယာတစ်ခု တွင် နိုဝင်ဘာ ၁၂ ရက်က အင်အား ၇.၃ရှိသည့် ငလျင်ပြင်းလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမီဗေဒတိုင်းတာရေးအဖွဲ့က (USGS) ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.