Connect with us

Asia

တရုတ်သမ္မတ ရှီကျင့်ဖိန် နှင့် လာအိုသမ္မတဟောင်းတို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် လာအိုနိုင်ငံ သမ္မတဟောင်း Choummaly Saygnasone (ဝဲ) တို့ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် လာအိုနိုင်ငံ ပြည်သူ့တော်လှန်ရေးပါတီ (LPRP) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးဟောင်းလည်းဖြစ်သူ လာအိုနိုင်ငံ သမ္မတဟောင်း Choummaly Saygnasone တို့သည် နိုဝင်ဘာ ၁၃ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှီက ပါတီ၏ ထိပ်တန်းခေါင်းဆောင် နှင့် လာအိုနိုင်ငံခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် Choummaly အနေဖြင့် တရုတ်-လာအိုဆက်ဆံရေး တွင် မြင့်မားသည့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရန် နှင့် အစဉ်အလာမပြတ် ရင်းနှီးချစ်ကြည်စွာ ဆက်ဆံမှု နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာစေရန် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်၍ ချီးကျူးပြောဆိုခဲ့ကြောင်း သိရသည်။

၎င်းက Choummalyသည် တရုတ်-လာအို ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု အား ဆက်လက်ထောက်ပံ့ပေးသွားပြီး နှစ်နိုင်ငံဆက်ဆံရေးသည် မှန်ကန်သော လမ်းကြောင်းပေါ်၌ အမြဲတမ်း တည်ရှိနေစေရန် အရေးပါသည့် ကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

Choummaly က ၁၉ကြိမ်မြောက် CPC အမျိုးသားညီလာခံမှ သမိုင်းဝင်ရလဒ်ကောင်းများ ထွက်ပေါ်လာသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ရှီအား လာအိုပြည်သူများ၏ သူငယ်ချင်းဟောင်းတစ်ဦးအဖြစ် ကြိုဆိုပါကြောင်း နှင့် ရှီ၏ ခရီးစဉ်သည် လာအို-တရုတ်ဆက်ဆံရေးသမိုင်း တွင် သမိုင်းဝင်မှတ်ကျောက်တိုင်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ လာအိုနိုင်ငံ ပြည်သူ့တော်လှန်ရေးပါတီ (LPRP) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ လာအိုနိုင်ငံ သမ္မတ ဘွန်ညံဗိုရာချစ် အပြင် နှစ်နိုင်ငံဘက်မှ ပါတီအကြီးတန်းခေါင်းဆောင်များ နှင့် အစိုးရအရာရှိကြီးများတက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.