Connect with us

Asia

တရုတ်သမ္မတ ရှီကျင့်ဖိန် လာအိုနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာ

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်အားတွေ့ရစဉ် (ဆင်ဟွာ)

ဗီယန်ကျန်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ် နှင့် လာအို ဆိုရှယ်လစ်နှစ်နိုင်ငံ၏ ရှေးရိုးစဉ်လာမပျက်ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရန် ရည်ရွယ်၍ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး လည်းဖြစ်သူ တရုတ်သမ္မတ ရှီကျင့်ဖိန် သည် လာအိုနိုင်ငံသို့ နိုဝင်ဘာ ၁၃ရက်တွင် နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယင်းခရီးစဉ်သည် ၁၁နှစ်တာကာလအတွင်း တရုတ်နိုင်ငံခေါင်းဆောင် နှင့် CPC ထိပ်တန်းခေါင်းဆောင်တစ်ဦး လာအိုသို့ ပထမဆုံးလာရောက်လည်ပတ်ခြင်းဖြစ်သည်။

ရှီသည် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ လာအိုနိုင်ငံသမ္မတ ဘွန်ညံဗိုရာချစ်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith နှင့် လာအိုနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Pany Yathotu တို့နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။

အောက်တိုဘာလတွင် ကျင်းပခဲ့သော ၁၉ကြိမ်မြောက် CPC အမျိုးသားညီလာခံပြီးနောက် ဗီယက်နမ်နိုင်ငံသည် ရှီ၏ ပထမဆုံးပြည်ပခရီးစဉ် အတွင်း နောက်ဆုံးရောက်ရှိသည့်နိုင်ငံ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.