ဘန်ကောက်၊ မတ် ၁၁ ရက် (ဆင်ဟွာ) လာမည့် နှစ်အနည်းငယ်အတွင်း ကျရောက်မည့် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ ၉၀ နှစ်မြောက် မွေးနေ့ပွဲ ကျင်းပရန် ထိုင်းရေတပ်က ကိုယ်ပိုင် ကမ်းဝေး ကင်းလှည့်ရေယာဉ် သုံးစင်း တည်ဆောက်ရန် အစီအစဉ် ရှိကြောင်း သိရသည်။
ပြုံယမ်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ (DPRK) ခေါင်းဆောင် ကင်ဂျုံအန်း က နျူကလီးယား လက်နက်များအား စစ်ရေး လှုပ်ရှားမှုများအတွက် အသင့်ပြင်ထားရန် ပဲ့ထိန်း ဒုံးကျည်များ ပစ်ခတ်သည့် စစ်ရေးလေ့ကျင့်ပွဲသို့ တက်ရောက် ကြည့်ရှုစဉ် အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း သိရသည်။
ကိုလမ်ဘို၊ မတ် ၁၀ ရက် (ဆင်ဟွာ) သီရိလင်္ကာ ရေတပ် နှင့် သီရိလင်္ကာ ကမ်းခြေစောင့် တပ်ဖွဲ့သည် အိန္ဒိယ ငါးဖမ်းသမား ၄ ဦးအား နိုင်ငံ၏ မြောက်ပိုင်း ရေပိုင်နက်အား ကျူးကျော်မှု ဖြင့် မတ်လ ၁၀ ရက်က ဖမ်းဆီးခဲ့ကြောင်း ရေတပ်၏ မီဒီယာဌာနက...
ဒါကာ၊ မတ် ၉ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အရှေ့တောင်ပိုင်း Cox’s Bazar ဒေသ ကမ်းရိုးတန်းအလွန်ရှိ ဘင်္ဂလား ပင်လယ်အော် ၌ မတ်လ ၉ ရက် နံနက်ပိုင်းက ကုန်တင် လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ ရုရှားလူမျိုး လေယာဉ်မှူး တစ်ဦး သေဆုံးပြီး...
နယူးဒေလီ၊ မတ် ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့က အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား ၎င်း၏ နေအိမ်၌ အိမ်နီးချင်းတစ်ဦး က အဓမ္မ ပြုကျင့်ပြီး မီးရှို့သတ်ရန် ကြိုးစားခဲ့ကြောင်း မတ်လ ၈ ရက်က ပြောကြားခဲ့သည်။
ဂျာကာတာ၊ မတ် ၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံသည် နေကြတ်ခြင်းအား မတ်လ ၉ ရက်နေ့က အပြည့်အဝ မြင်တွေ့ခွင့်ရခဲ့ကြောင်းနှင့် အဆိုပါနေကြတ်ခြင်းသည် နိုင်ငံ၏ အနောက်ဘက်ဆုံးအပိုင်းမှ စတင်ခဲ့ပြီး နိုင်ငံ၏ အရှေ့ဘက်ဆုံးအပိုင်းတွင် ပြီးဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း Chhattisgarh ပြည်နယ် မြို့တော် Raipur ရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်း သို့ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးသည့် လူ၇ဦးအား အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မတ်လ ၇ ရက်နေ့ တွင် ရဲတပ်ဖွဲ့...
နယူးဒေလီ၊ မတ် ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ Goa ရေတပ်ဆိပ်ကမ်းတွင် မတ်လ ၆ရက်နေ့ညက အိန္ဒိယလေယာဉ်တင်သင်္ဘော INS Viraat ပေါ်၌ မီးလောင်မှု အသေးစားတစ်ခုဖြစ်ပွားခဲ့ပြီး သင်္ဘောသားတစ်ဦး သေဆုံးကာ အခြား ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အိန္ဒိယရေတပ်က မတ်လ ၇...
ဂျာကာတာ၊ မတ် ၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီရေလက်ကြား၌ မတ်လ ၄ရက်နေ့က ဖယ်ရီသင်္ဘောတိမ်းမှောက်မှုတွင် သေဆုံးခဲ့သည့် သင်္ဘောကပ္ပတိန်၏ရုပ်အလောင်းအား နစ်မြုပ်နေသည့် သင်္ဘောအတွင်းမှ ကယ်ဆယ်ရေးသမားများက မတ်လ ၆ရက်နေ့တွင် ဆယ်ယူနိုင်ခဲ့ပြီး သင်္ဘောနစ်မြုပ်မှု၌ သေဆုံးသူ ၅ဦး အထိရှိလာကြောင်း ကယ်ဆယ်ရေး သမားများက ပြောကြားခဲ့သည်။
ဘန်ကောက်၊ မတ် ၅ ရက် (ဆင်ဟွာ) မတ်လ ၅ ရက်တွင် ဘန်ကောက် တူးမြောင်း တစ်ခု၌ ခရီးသည်တင် လှေတစ်စီး၏ အင်ဂျင် ပေါက်ကွဲမှု ကြောင့် မြန်မာနှစ်ဦး အပါအဝင် ခရီးသည် အယောက် ၅၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။