Connect with us

Asia

အိန္ဒိယ နိုင်ငံ ရှိ ဆေးရုံ တစ်ရုံ တွင် လွန်ခဲ့သည့် ၄၈ နာရီ အတွင်း ကလေးငယ် ၄၂ ဦး သေဆုံး

အိန္ဒိယ နိုင်ငံ ရှိ ဆေးရုံ တွင် ကလေးငယ်များ ဆေးဝါး ကုသမှု ခံယူနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက် အရ အိန္ဒိယ နိုင်ငံ Uttar Pradesh ပြည်နယ်ရှိ ဆေးရုံ တစ်ရုံ တွင် လွန်ခဲ့သည့် ၄၈ နာရီ အတွင်း ကလေးငယ်ပေါင်း ၄၂ ဦး သေဆုံးခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးခဲ့ရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များဆောင်ရွက်နေကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ အိန္ဒိယ နိုင်ငံ ပုဂ္ဂလိက ပိုင် BRD ဆေးရုံ ၏ ဆေးရုံအုပ် က မီဒီယာများအား သေဆုံးခဲ့သည့် ကလေးငယ်များအတွင်း ၇ ဦး မှာ ရုတ်တရက် ဦးဏှောက်ယောင်ယမ်းမှု စတင်သည့် ရောဂါ (Encephalitis) ကြောင့် သေဆုံးခဲ့ရပြီး ကျန်ကလေးငယ် များ၏ သေဆုံးမှု အကြောင်းရင်း ကို စစ်ဆေးနေဆဲ ဟု ပြောကြားခဲ့ကြောင်း ၊ ယင်းဆေးရုံတွင်ပြီးခဲ့သည့် ၃ ရက်အတွင်း ကလေးငယ်ပေါင်း ၆၁ ဦး သေဆုံးခဲ့ကြောင်း သိရှိခဲ့ရသည်။

BRD ဆေးရုံ သည် Gorakhpur ခရိုင်အတွင်းရှိ အကြီးဆုံးသော ပုဂ္ဂလိက ဆေးရုံ တစ်ရုံ ဖြစ်ပြီး Uttar Pradesh ပြည်နယ်ရှိ ဝေဒနာရှင်များ ကို ဆေးဝါး ကုသရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည့် ဆေးရုံ ဖြစ်သည်။ယင်း ဆေးရုံ မှ ဆရာဝန် တစ်ဦး က သြဂုတ် လဆန်းပိုင်းမှ စတင်၍ မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် ရေကြီးမှု များကြောင့် ကလေးငယ်အများအပြား မှ ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူခဲ့ကြကြောင်း ပြောကြား ခဲ့သည်။

သြဂုတ်လလယ်ပိုင်းတွင် အိန္ဒိယ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ BRD ဆေးရုံတွင် ရက်ပိုင်းအတွင်း ဆယ်နှင့်ချီသော ကလေးငယ်များ သေဆုံးခဲ့ရာ အကြောင်းရင်း မှာ ဆေးရုံမှ အောက်ဆီဂျင် ကို ဖြတ်တောက်ခဲ့ခြင်းနှင့် သက်ဆိုင်ကြောင်း ဖော်ပြခဲ့သော်လည်း Uttar Pradesh ပြည်နယ် အုပ်ချုပ်ရေးမှူး က သြဂုတ်လ ၁၃ ရက်နေ့၌ သေဆုံးခဲ့သည့် ကလေးငယ်များအတွင် ၃၀ ဦးမှာ Encephalitis ကြောင့် ဖြစ်ကာ ကျန်ကလေးငယ်များ သေဆုံးရသည့် အကြောင်းရင်း ကို စစ်ဆေးနေဆဲဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.