Connect with us

Asia

အိန္ဒိယရှိ ရှေးဟောင်း အဆောက်အဦ ပြိုကျမှုကြောင့် သေဆုံးသူ ၃၂ ဦးအထိရှိလာ

မွမ်ဘိုင်းတွင် ပြိုကျခဲ့သည့် အဆောက်အဦနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွမ်ဘိုင်းရှိ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိသော အဆောက်အဦ တစ်ခုပြိုကျခဲ့ရာ အပျက်အစီးများအကြားမှ ရှာဖွေတွေ့ရှိခဲ့သည့် သေဆုံးသူ အရေအတွက်မှာ စက်တင်ဘာလ ၁ ရက်တွင် ၃၂ ဦးအထိ ရှိပြီ ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာ သေဆုံးသူ ၃၂ ဦးရှိပြီဆိုတာကို အတည်ပြုနိုင်ပါပြီ။ အခြား ဒဏ်ရာရသူ ၁၅ ဦးကတော့ ဆေးရုံမှာ ကုသမမှု ခံယူနေပြီး အချို့ကတော့ စိုးရိမ်ဖွယ် အနေအထားမှာရှိပါတယ်။ ဒဏ်ရာရသူတွေထဲမှာ မီးသတ်ဝန်ထမ်း ငါးဦးနဲ့ သဘာဝဘေး စီမံခန့်ခွဲမှု အရာရှိ တစ်ဦးလဲ ပါဝင်ပါတယ်” ဟု ရဲတပ်ဖွဲ့ အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။

မွမ်ဘိုင်းမြို့ Bhendi Bazaar နယ်မြေရှိ ငါးထပ် အဆောက်အဦ တစ်လုံးမှာ သြဂုတ်လ ၃၁ ရက် နံနက်ပိုင်းတွင် ပြိုကျခဲ့ပြီးနောက် အပျက်အစီးများကြားမှ အသက်ရှင်လျက် လူ ၅၀ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

“ကယ်ဆယ်ရေးနဲ့ ဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းများကတော့ ဆက်လုပ်နေရတုန်းပါပဲ။ အပျက်အစီးကြားထဲမှာ ပိတ်မိနေတဲ့လူ သုံး လေးဦး ရှိနေပါသေးတယ်။ မြေကော်စက်တွေသုံးပြီး အဆောက်အအုံ အပျက်အစီးတွေ ကြားထဲမှာ နောက်ထပ် အသက်ရှင်ကျန်နေမဲ့သူတွေ ရှိဦးမလားဆိုပြီး ရှာနေတယ်” အဆိုပါ အရာရှိက ဆိုသည်။

ယင်း အဆောက်အဦ ပြိုကျရာနေရာသို့ အိန္ဒိယ အနောက်ပိုင်း Maharashtra ပြည်နယ် ဝန်ကြီးချုပ် Devendra Fadnavis က သွားရောက်ခဲ့ပြီး သေဆုံးသူ တစ်ဦးစီအတွက် လျော်ကြေးငွေ ရူပီး ၅၀၀,၀၀၀ (အမေရိကန် ဒေါ်လာ ၇,၀၀၀) အား သက်ဆိုင်ရာ မိသားစုဝင်များအား ပေးအပ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယင်းသို့ ပြိုကျခဲ့သည့် အဆောက်အအုံတွင် မိသားစု ၁၁ စု နေထိုင်လျက်ရှိပြီး မြေညီထပ်တွင် သကြားလုံးဆိုင် တစ်ဆိုင်ဖွင့်ထားကြောင်း၊ မွမ်ဘိုင်းနှင့် ဆက်စပ် နယ်မြေများ၌ ၁၂ နှစ်တာကာလအတွင်း အသည်းထန်ဆုံး အဖြစ် နှစ်ရက်ကြာ မိုးရွာသွန်ခြင်းကြောင့် ယခုလို ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.