မနီလာ ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) ဂျူးလူမျိုးသန်းပေါင်းများစွာအား အဒေါ့ဟစ်တလာက သုတ်သင်သတ်ဖြတ်ခဲ့သည့် နည်းတူ ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ မူးယစ်ဆေးစွဲနေသူများအား သုတ်သင်သတ်ဖြတ်ခဲ့သည်ကို ပျော်ရွှင်ကျေနပ်မိကြောင်း မှတ်ချက်စကားပြောကြားခဲ့သည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် ၎င်း၏ မှတ်ချက်စကားအတွက် ဂျူးအသိုင်းအဝိုင်းအား အောက်တိုဘာလ ၂ ရက်က ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။
ဘန်ဒါစရီဘာဂါဝန် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) ဘရူနိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား အလုပ်သမား ၁ သိန်းကျော် ရှိကြောင်း ၊ အများစုမှာ ပုဂ္ဂလိကလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြကြောင်း ဘရူနိုင်းနိုင်ငံ အလုပ်သမားဦးစီးဌာန (ခေတ္တ)ကော်မရှင်နာမင်းကြီး Shariful-Bahri က အောက်တိုဘာလ ၂ ရက်တွင်ပြောကြားလိုက်သည်။
မနီလာ ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံအခြေစိုက် အဘူဆေးယက်ဖ်အကြမ်းဖက်အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသော အင်ဒိုနီးရှား တန်ဆာခံ သုံးဦးကို ဖိလစ်ပိုင်တောင်ပိုင်း Sulu ပြည်နယ်၌ ပြန်လွှတ်ပေးခဲ့ကြောင်း ဖိလစ်ပိုင်အဆင့်မြင့်အရာရှိတစ်ဦးက အောက်တိုဘာ ၂ ရက်တွင်ပြောကြားလိုက်သည်။
ဘန်ကောက်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ဦးခေါင်းသေးငယ်သည့် ကလေးငယ် မွေးဖွားမှု နှစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ယင်းက အရှေ့တောင်အာရှတွင် ဇီကာဗိုင်းရပ်စ်နှင့် ဦးခေါင်းသေး ကလေးငယ် မွေးဖွားမှု ဆက်စပ်နေခြင်းအား ထိုင်းနိုင်ငံက အတည်ပြု ပြသလိုက်ရာရောက်ကြောင်း သိရသည်။
မနီလာ ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက“ကျွနု်ပ် နှင့် အမေရိကန်ကြားက နယ်နိမိတ်မျဉ်းကိုဖြတ်ကျော်၍” ဟူသော ကြွေးကြော်သံဖြင့် ဖိလစ်ပိုင်နိုင်ငံသည် ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကို တံခါးဖွင့်ပြီး တရုတ် ၊ ရုရှားနိုင်ငံများနှင့် ကူးလူးဆက်ဆံမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၆ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။
ဂျကာတာ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဂျာဗားကျွန်း အရှေ့ပိုင်းရှိ ဝေဟင်၌ ပေါက်ကွဲပြီး လူနေ ဧရိယာပေါ်သို့ ပြုတ်ကျခဲ့သည်မှာ လေယာဉ် မဟုတ်ဘဲ အရာဝတ္ထုများသာ ဖြစ်ကြောင်း၊ ယင်း အရာဝတ္ထုများအား အမျိုးအစား ခွဲခြားနေကြောင်း အင်ဒိုနီးရှားနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက...
ဟနွိုင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းရှိ Thanh Hoa ပြည်နယ်ရှိ ထိန်းသိမ်းရေး စင်တာ တစ်ခုဖြစ်သော ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် လုပ်ငန်းနေရာ တစ်ခု၌ သက်တမ်း နှစ်ပေါင်း ၂၀၀၀ မှ ၂၅၀၀ ခန့်ရှိ ဒေါင်ဆန်း မျိုးနွယ်စု၏...
ဟိုချီမင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အထည်ချုပ်စက်ရုံတစ်ခု တွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားစုစုပေါင်း ၁၁၇ဦး H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း ပြည်တွင်းမီဒီယာ တစ်ခု က စက်တင်ဘာ ၂၆ရက်တွင် ဖော်ပြခဲ့သည်။
ဟောင်ကောင် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ Bobon၏ အရှေ့တောင်ပိုင်း ၃၅ ကီလိုမီတာအကွာခန့်တွင် ဗဟိုပြု၍ ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်တစ်ခုသည် စက်တင်ဘာလ ၂၃ ရက် ဒေသစံတော်ချိန် ည ၁ဝနာရီ ၅၃ မိနစ်ခန့်က လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ပထဝီမြေပြင်တိုင်းတာရေးအဖွဲ့က ဆိုသည်။
ဘန်ကောက် ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) ၂ဝ၁၆ ခုနှစ်အတွက် Master Card မှ ရွေးချယ်သတ်မှတ်သော ကမ္ဘာ့လည်ပတ်ချင် စရာ အကောင်းဆုံး မြို့အဖြစ် ထိုင်းနိုင်ငံဘန်ကောက်မြို့သည် လန်ဒန်မြို့ကို ကျော်ဖြတ်၍ အရွေးခံရကြောင်း စက်တင်ဘာလ ၂၃ ရက်တွင် မာစတာကက်က ၎င်းတို့၏ ညွှန်းကိန်းကိုထုတ်ပြန်လိုက်သည်။