Connect with us

Asia

ထိုင်း-တရုတ် နှစ်နိုင်ငံအကြား မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းကို ဆောင်ရွက်သွားမည်ဟု ထိုင်းဝန်ကြီးချုပ်ပြော

တရုတ်နိုင်ငံမှ မြန်နှုန်းမြင့် ရထားတစ်စင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံကို ဆက်သွယ်ပေးမည့် မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် လာမည့်ရက်သတ္တပတ်တွင် ပုဒ်မ ၄၄ ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဇွန်လ ၁၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အစိုးရအိမ်တော်၌ ဝန်ကြီးအဖွဲ့နှင့်အပတ်စဉ်ပြုလုပ်နေကျ အစည်းအဝေးတစ်ခုတွင် ပါရာယွတ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နှင့် တရုတ်နိုင်ငံ Nakhon Ratchasima ပြည်နယ်အကြား ဆက်သွယ်ပေးမည့် အရှည် ၂၅၂ ကီလိုမီတာရှိသော မြန်နှုန်းမြင့် မီးရထားလမ်းစီမံကိန်းကို စတင်အကောင်အထည်ဖော်ရန် ပုဒ် ၄၄ အကြွင်းမဲ့အာဏာကို အသုံးပြု၍ အသေအချာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းရထားလမ်းပိုင်းသည် ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း မှ စတင်ကာ လာအိုနိုင်ငံ မြောက်ပိုင်းကိုဖြတ်၍ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကို ဆက်သွယ်ပေးမည့် စီမံကိန်း အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။

ထိုင်း-တရုတ် ရထားလမ်းစီမံကိန်း နှောင့်နှေးနေရခြင်းမှာ ဥပဒေပိုင်းအရ အခက်အခဲများရှိနေခြင်းကြောင့်ဖြစ်ပြီး ၎င်း၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း နှင့် ပုဒ်မ ၄၄ ကို လာမည့် ရက်သတ္တပတ်တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ဆိုသည်။

၎င်းအနေဖြင့် အကြွင်းမဲ့အာဏာကို အသုံးပြုရန် မရည်ရွယ်ကြောင်း ၊ သို့သော် ရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် လိုအပ်နေသဖြင့် လုပ်ဆောင်လိုက်ရခြင်းဖြစ်ကြောင်း ပါရာယွတ်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.