Connect with us

Asia

အိန္ဒိယ မြောက်ပိုင်းတွင် ရဟတ်ယာဉ် ပျက်ကျ၊ တစ်ဦး သေဆုံး

အိန္ဒိယတွင် ပျက်ကျနေသည့် ရဟတ်ယာဉ် တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

ဘုရားဖူးများ တင်ဆောင်လာသည့် ရဟတ်ယာဉ် တစ်စင်းသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတရာခန်ပြည်နယ်မှ ထွက်ခွာစဉ် ပျက်ကျကာ လေယာဉ် ဝန်ထမ်း တစ်ဦး သေဆုံးပြီး ရဟတ်ယာဉ်မှူး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့် ရဲ အရာရှိ တစ်ဦးက ပြောသည်။

ပုဂ္ဂလိက လေကြောင်း ကုမ္ပဏီ တစ်ခုပိုင်ဆိုင်သည့် Agusta ၁၁၉ ရဟတ်ယာဉ်မှာ တောတောင်ထူထပ်သော ယင်းပြည်နယ်၏ Badrinath မြို့၌ ဒေသစံတော်ချိန် ဇွန်လ ၁၀ ရက် နံနက်ပိုင်းက လေဆိပ်မှ စတင် ထွက်ခွာစဉ် လေဖိအား မညီမျှမှု ဖြစ်ကာ ပျက်ကျခြင်း ဖြစ်ကြောင်း သိရသည်။

“ရဟတ်ယာဉ် အင်ဂျင်နီယာ ဗီခရန် လမ်ဘားမှာ ဒလက်တွေနဲ့ တိုက်မိပြီး နေရာမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်” ဟု ပြည်နယ် ရဲချုပ် ထရစ်ပီဘတ်က မီဒီယာသို့ ပြောသည်။

ရဟတ်ယာဉ်မှူး နှစ်ဦးမှာ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်းနှင့် ခရီးသည် ငါးဦးမှာမူ မည်သည့် ဒဏ်ရာမျှ မရရှိခဲ့ဘဲ လွတ်မြောက်သွားခဲ့ကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

ရဟတ်ယာဉ် ပျက်ကျရခြင်း အကြောင်းရင်းအား အတိအကျ သိရှိဖို့ စုံစမ်းစစ်ဆေးရန် မြို့ပြလေကြောင်း ညွှန်ကြားရေးမှူးချုပ်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.