Connect with us

Asia

ထိုင်းတောင်ပိုင်းတွင် သေနတ်ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ယခင်ကဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်တစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတောင်ပိုင်းတွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ လူတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာ တစ်ခု က ဇွန်လ ၁၁ ရက်တွင်ဖော်ပြခဲ့သည်။

တိုက်ခိုက်မှုသည် Pattani ပြည်နယ်တွင် ဇွန်လ ၁၁ ရက် ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၃၀နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် ၎င်း၏ သူငယ်ချင်းတို့သည် မော်တော်ဆိုင်ကယ်ဖြင့် သွားလာနေစဉ် လူသတ်သမား ၂ဦး က ဆိုင်ကယ်များဖြင့် ၎င်းတို့၏ရှေ့တွင် ပိတ်ရပ်ကာ သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

လူသတ်သမားများ၏ ပစ်ခတ်မှုကြောင့် ယင်းအမျိုးသား၏ ခန္ဓာကိုယ် နှင့် ခြေထောက်တွင် ကျည်ဆန်ထိမှန်ခဲ့ပြီး အခင်းဖြစ်ပွားရာ၌ သေဆုံးသွားခဲ့ကြောင်း၊ ၎င်း၏ သူငယ်ချင်းဖြစ်သူမှာ သေနတ်သုံးချက်အပစ်ခံရပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း Manager Online သတင်းက ဖော်ပြခဲ့သည်။

သေနတ်ပစ်ခတ်မှုသည် အဝေးပြေးလမ်းတစ်ခုအနီးရှိ ဗလီအရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပြီး ယင်းရဲအရာရှိသည် အဆိုပါ လူသတ်မှုကို တရားမဝင် စီးပွားရေးပဋိပက္ခတစ်ခု (သို့) နိုင်ငံတောင်ဘက်စွန်းရှိ အကြမ်းဖက်သမားများ နှင့် ဆက်စပ်မှု ရှိ၊မရှိ စုံစမ်းနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

Pattani ပြည်နယ်သည် ထိုင်းနိုင်ငံတောင်ဘက်စွန်းရှိ မူဆလင်အများစု နေထိုင်ရာ ပြည်နယ်တစ်ခုဖြစ်ပြီး ၂၀၀၄ခုနှစ်တွင်ဖြစ်ပွားခဲ့သော ခွဲထွက်ရေးအတွက် အကြမ်းဖက်မှုများကြောင့် လူထောင်ပေါင်းများစွာ အသတ်ခံခဲ့ရကြောင်း သိရသည်။ ယင်းပြည်နယ်တွင် သေနတ်ပစ်ခတ်မှုများ၊ ဗုံးဖြင့်တိုက်ခိုက်မှုများ နှင့် အရက်ဗုံးများဖြင့် မီးရှို့ဖျက်ဆီးမှုများကို မကြာခဏတွေ့မြင်ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.