Connect with us

Asia

SCO ခေါင်းဆောင်များက အကြမ်းဖက်မှု ပုံစံအားလုံးကို အပြင်းအထန် ရှုတ်ချ

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း ၁၇ ကြိမ်မြောက် နိုင်ငံ ခေါင်းဆောင်များ အစည်းအဝေး၏ အစည်းအဝေးငယ် တစ်ခု မကျင်းပမီ ခေါင်းဆောင်များ မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးနေကြစဉ် (ဆင်ဟွာ)

အက်စတာနာ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (SCO) ခေါင်းဆောင်များသည် အကြမ်းဖက်မှု ပုံစံအားလုံးကို အပြင်းအထန် ရှုတ်ချကြောင်း ဇွန်လ ၉ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

SCO ထိပ်တန်း အဖွဲ့ဝင် ခေါင်းဆောင်များက အက်စ်တာနာတွင် ပြုလုပ်သော ၁၇ ကြိမ်မြောက် SCO ထိပ်သီး အစည်းအဝေး နောက်ဆုံးနေ့၌ နိုင်ငံတကာ အကြမ်းဖက်မှု ပူးတွဲ တိုက်ဖျက်ရေးဆိုင်ရာ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ နှင့် လုံခြုံရေးကောင်စီတွင် အဓိက ညှိနှိုင်းဆောင်ရွက်မှုဖြစ်သည့် နိုင်ငံတကာ အကြမ်းဖက်မှုနှင့် နိုင်ငံတကာ အကြမ်းဖက်မှု ဆန့်ကျင် တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂ ကြေညာစာတမ်း ရည်ရွယ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ စံသတ်မှတ်ချက်များအား SCO ခေါင်းဆောင်များက အလေးထားသည်ဟု ဆိုသည်။

မည်သည့် ဘာသာတရားမဆို အကြမ်းဖက်မှုနှင့် ချိတ်ဆက်မှုှရှိခြင်းကို ဆန့်ကျင်သူများဘက်မှ SCO အဖွဲ့ဝင်များက အခိုင်အမာ ရပ်တည်ကြောင်း၊ ခရစ်ယာန်၊ အစ္စလာမ်နှင့် အခြား ဘာသာဝင်များအား ဆန့်ကျင်သည့် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှု လုပ်ရပ်များ အားလုံးကို ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အခြားသော ရည်ရွယ်ချက်များဖြင့် လူစုဆောင်းမှုများနှင့် အင်တာနက်မှတစ်ဆင့် အကြမ်းဖက်မှုဝါဒနှင့် အစွန်းရောက်ဝါဒများ ဖြန့်ဝေခြင်း၊ သွေးထိုး လှုံ့ဆော်ခြင်းများအား ဆန့်ကျင် သတိပေးလိုက်ကြောင်းနှင့် အစွန်းရောက် အကြမ်းဖက် အတွေးအခေါ်များ ပျံ့နှံ့မှုအား ကျယ်ပြန့်စွာ တိုက်ဖျက်သွားမည် ဖြစ်ကြောင်း SCO ခေါင်းဆောင်များက ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတကာ အကြမ်းဖက် အုပ်စု၏ လုပ်ဆောင်မှုများတွင် ပါဝင်သူများနှင့် SCO နိုင်ငံများအတွင်း ပြန်လည် ဝင်ရောက်လာသည့် လက်နက်ကိုင် အကြမ်းဖက်သူများအား ဆန့်ကျင်သည့် ပူးတွဲ လှုပ်ရှားမှုများ ဆောင်ရွက်ရန် အရေးကြီးကြောင်း အလေးထား ဖော်ပြခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.