Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း၌ ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်လှုပ်

အင်ဒိုနီးရှားနိုင်ငံ၌ ဇွန်လ ၁၂ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ပြမြေပုံအားတွေ့ ရစဉ် ( ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၏ အထင်ရှားဆုံး ကမ်းခြေဖြစ်သော ဂျာဗားကျွန်းစုကမ်းခြေတစ်လျှောက်၌ ယနေ့( ဇွန်လ ၁၂ ) ရက် နံနက်ပိုင်းတွင် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသဌာန နှင့် ဘူမိရူပအေဂျင်စီက ဆိုသည်။

လက်ရှိအချိန်ထိ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု နှင့် လူအသေအပျောက်စာရင်းကို ထုတ်ပြန်ထားခြင်းမရှိပေ။အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၅ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အနောက်ဂျာဗားပြည်နယ်၏ အနောက်တောင်ဘက် ၁၇၉ ကီလိုမီတာအကွာ၌ ပင်လယ်ရေမျက်နှာပြင်အောက် အနက် ၁ဝ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားအမျိုးသားသဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီ ( BNPB) ၏ တွစ်တာစာမျက်နှာပေါ်တွင် ငလျင်ဗဟိုချက်ဖြစ်ပွားရာမှ မြောက်ဘက် ၂ဝဝကီလိုမီတာအကွာ၌ တည်ရှိသော ဂျကာတာမြို့သည် ငလျင်ဒဏ်ခံစားခဲ့ရကြောင်း ဖော်ပြထားသည်။ငလျင်ကြောင့် ဆူနာမီလှုှိင်းဖြစ်နိုင်ခြေ မရှိကြောင်း အင်ဒိုနီးရှားမိုးလေဝသ နှင့် ဘူမိရူပအေဂျင်စီက ဆိုသည်။ အမေရိကန်ဘူမိဗေဒတိုင်းတာရေး(USGS) က မြေပြင်အောက် အနက် ၁ဝကီလိုမီတာ၌ ဗဟိုပြု၍ ၅.၆ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း ထုတ်ဖော်ပြောကြားထားသည်။(Xinhua)