ဟာဗားနား၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အီရန် သမ္မတ ဟတ်ဆန် ရောဟာနီနှင့် ကျူးဘား သမ္မတ ရော ကက်စထရိုသည် စက်တင်ဘာလ ၁၉ ရက်က တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံအကြား စီးပွားရေး နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှင့်အတူ အရေးပါသည့် နိုင်ငံတကာ...
မဲလ်ဘုန်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) သြစတြေးလျသိပ္ပံပညာရှင်များက တီထွင်ဖန်တီးခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများအား စစ်ဆေးထောက်လှမ်းနိုင်သည့် နည်းပညာသစ်အား လေဆိပ်များ၌ မကြာမီ ဖြန့်ကျက်ထားရှိနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
ဆစ်ဒနီ ၊ စက်တင်ဘာ ၂ဝ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ပါဒ့်မြို့ရှိ ပါဒ့်တိရစ္ဆာန်ရုံတွင် ကာရိုအမည်ရှိ ဂါလက်ပါဂိုစ့် လိပ်ကြီး၏ နှစ် ၅ဝ ပြည့် ရွှေရတု မွေးနေ့အခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
ဝဲလင်တန်၊စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံသည် ၎င်းတို့၏ ပထမဆုံးမောင်းသူမဲ့ကားကို ၂ဝ၁၆ ခုနှစ်အတွင်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း နယူးဇီလန်နိုင်ငံပို့ဆောင်ရေးဝန်ကြီး Simon Bridges က စက်တင်ဘာလ ၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
မယ်လ်ဘုန်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) အနောက် သြစတြေးလျ (WA) ရှိ သြစတြေးလျနယ်ခြားစောင့်တပ်ဖွဲ့ (ABF) အာဏာပိုင်များသည် အာဖရိကမှရောက်ရှိလာသောကုန်တင်သင်္ဘာတစ်စင်း အတွင်း၌ အမေရိကန်ဒေါ်လာ ၃၄သန်းတန် methamphetamine (ခေါ်) အိုက်စ် (ice) မူးယစ်ဆေးဝါး ၄၅ကီလိုဂရမ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
မဲလ်ဘုန်း ၊ သြဂုတ်လ ၂၅ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံရှိ ရွှေရှာသူတစ်ဦးသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၉ဝ,ဝဝဝ တန်ဖိုးရှိ ၊ အလေးချိန် ၁၄၅ အောင်စ ရှိသော ရွှေတုံးတစ်တုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ကန်ဘာရာ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ကောလိပ်တစ်ခုအတွင်း မိကျောင်းသုံးကောင်အား ကျောင်းပိတ်ရက်က လွှတ်ပေးခဲ့သည့် လူလေးဦးအား ရဲတပ်ဖွဲ့က ရှာဖွေလျက်ရှိကြောင်း သိရသည်။
ကန်ဘာရာ ၊ သြဂုတ် ၁၈ ရက်(ဆင်ဟွာ) လွန်ခဲ့သော နှစ်ပေါင်း ၅ဝ က ဗီယက်နမ်တပ်ဖွဲ့များ နှင့် သြစတြေးလျတပ်ဖွဲ့များအကြား တိုက်ပွဲဆင်နွှဲခဲ့သည့် Long Tan စစ်မြေပြင် နေရာဟောင်း၌ အောက်မေ့ဖွယ်အခမ်းအနားကျင်းပခွင့်ပြုရန် သြစတြေးလျနိုင်ငံဝန်ကြီးချုပ် Malcolm Turnbull ၏ သြဂုတ်လ ၁၇ ရက် ညပိုင်းက...
ဆစ်ဒနီ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) မယ်ကမ္ဘာသြစတြေးလျ ဆန်ကာတင် စာရင်းဝင် အလှမယ်တစ်ဦးသည် ပြင်သစ်နိုင်ငံသား နှစ်ဦးမောင်းနှင်လာ သည့် ကား နှင့် တိုက်မိ၍ သေဆုံးခဲ့ပြီး ၎င်း ကားသည် လမ်းပြောင်းပြန်မောင်းနှင်လာခြင်း ဖြစ်ကြောင်း သိရသည်။
ဆူဝ ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ နယူးကယ်လီဒိုးနီးယားကျွန်းနိုင်ငံ၌ သြဂုတ်လ ၁၂ ရက်က ပြင်းအား ၇.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုပထဝီဝင်ဌာနလေ့လာတိုင်းတာရေး(USGS) ဌာနက ဆိုသည်။