Connect with us

Australia / Oceania

အီရတ် ရဲတပ်ဖွဲ့နှင့် နယူးဇီလန်၊ သြစတြေးလျ တပ်ဖွဲ့ဝင်များ တိုက်ခိုက်ရေးအတွက် ပထမဆုံးအကြိမ် ပူးတွဲလေ့ကျင့်

စစ်ရေး လေ့ကျင့်မှု ပြုလုပ်နေသည့် အီရတ် စစ်သားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝဲလ်လင်တန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံမှ တပ်သားများသည် ပထမဆုံး အီရတ် ရဲတပ်ဖွဲ့အား အီရတ်နိုင်ငံရှိ ပူးတွဲ လေ့ကျင့်မှု အခြေစိုက်စခန်း၌ လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း နယူးဇီလန် ကာကွယ်ရေးတပ် (NZDF) က ယနေ့ (ဖေဖော်ဝါရီလ ၂၁ ရက်) တွင် ပြောကြားလိုက်သည်။

ဘဂ္ဂဒတ်မြို့ မြောက်ဘက်ရှိ Taji လေ့ကျင့်ရေးစခန်းတွင် သီတင်းပတ် ၅ ပတ်ကြာ ပြုလုပ်သည့် အခြေခံ တိုက်ခိုက်ရေး သင်တန်းတွင် အီရတ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁,၉၀၀ ဦး တက်ရောက်ခဲ့ပြီး အီရတ် လုံခြုံရေး တပ်ဖွဲ့မှ တပ်သား ၂၀,၀၀၀ ကျော်အား သင်တန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အိုင်အက်စ် စစ်သွေးကြွများအား တိုက်ခိုက်ရန်အတွက် အဆိုပါ ရဲတပ်ဖွဲ့ဝင်များ ဖွဲ့စည်းပါဝင်သော သင်တန်းဆင်းများအား သင်တန်းပေးခဲ့ခြင်း ဖြစ်သည်။

“ဒါက သင်တန်း မှတ်တိုင် တစ်ခုအတွက်သာပဲ မဟုတ်ပါဘူး” ဟု နယူးဇီလန်နိုင်ငံ ပူးတွဲတပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး တင်မ်ဂေါလ်က သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

အီရတ် စစ်တပ်အား အိုင်အက်စ် စစ်သွေးကြွများကို ချေမှုန်းမှုများ ဆက်လက် လုပ်ဆောင်နိုင်ရေးနှင့် စစ်သွေးကြွများ ခြေကုပ်ယူထားသော နယ်မြေများအား ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် နယူးဇီလန်မှ တပ်သား ၁၀၀ ခန့်နှင့် သြစတြေးလျမှ တပ်သား ၃၀၀ ဦးခန့် ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က လေ့ကျင့် ကူညီပေးနေခြင်း ဖြစ်သည်။

နယူးဇီလန်နိုင်ငံသည် ၂၀၁၅ ခုနှစ် မေလကတည်းက အီရတ် စစ်တပ်အား ယခုလို လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလအထိ သက်တမ်း တိုးမြှင့်ပေးလိုက်ကြောင်း နယူးဇီလန်က ၂၀၁၆ ခုနှစ် ဇွန်လက ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.