Connect with us

Australia / Oceania

နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေရန် တရုတ်၊ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ (ဝဲ) နှင့် သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘစ်ရှော့ (ယာ) တို့အား ဖေဖော်ဝါရီလ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကန်ဘာရာ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ (Wang Yi) နှင့် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ (Julie Bishop) တို့သည် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ဖေဖော်ဝါရီလ ၇ ရက်က ဆွေးနွေးခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ၏ သံတမန်နှင့် မဟာဗျူဟာဆိုင်ရာ လေးကြိမ်မြောက် ဆွေးနွေးပွဲတွင် ဝမ်ရိက တရုတ်နှင့် သြစတြေးလျ အကြား ဆက်ဆံရေးသည် ကောင်းမွန်သော တိုးတက်မှုအား ထိန်းသိမ်းထားခဲ့ကြောင်း၊ နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များဖြင့် ရလဒ်ကောင်းများ ပေါ်ထွက်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်နှင့် သြစတြေးလျ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း ၄၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ ကုန်လွန်ခဲ့သော အတွေ့အကြုံများအား ပြန်လည် သုံးသပ်ကာ အခွင့်အလမ်းအဖြစ် ရယူပြီး အနာဂတ် စီမံကိန်းအား လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ဝမ်က ပြောသည်။

ထို့ပြင် ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရေး၊ အပြန်အလှန် ယုံကြည်မှုနှင့် အပြန်အလှန် အကျိုးအမြတ်အား အခြေခံလျက် နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးလုပ်ဆောင်ရန် ကဏ္ဍသစ်များ အတွက် ဝမ်က တိုက်တွန်းခဲ့သည်။

နိုင်ငံတကာ အခြေအနေများက မသေချာခြင်းများနှင့် ရင်ဆိုင်နေရသဖြင့် တရုတ်နှင့် သြစတြေးလျတို့သည် မဟာဗျူဟာ ဆက်သွယ်ရေး ခိုင်မာရန် လိုအပ်ကြောင်း၊ ပွင့်လင်းသော ကမ္ဘာ့ စီးပွားရေး တစ်ခု တည်ဆောက်ခြင်း အပါအဝင် ကမ္ဘာကြီးအတွက် အကောင်းမြင်သော အချက်များ ပူးတွဲ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ ကြီးမားသော ပါဝင်မှုအား မြှင့်တင်ခြင်း၊ အကျိုးအမြတ်များ ကျယ်ကျယ်ပြန့်ပြန့် မျှဝေရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုစနစ် လုံခြုံမှုရှိရေးနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်သော ကုန်သွယ်မှုစနစ်အား တိုက်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။

သြစတြေးလျနှင့် တရုတ် ဆက်ဆံရေးအား အကောင်းမြင် ပြောကြားခဲ့ပြီး တရုတ်နိုင်ငံနှင့်အတူ နယ်ပယ်များစွာနှင့် ကမ္ဘာ့ရေးရာများ၌ ခိုင်မာစွာ ပူးဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘစ်ရှော့ ပြောကြားခဲ့သည်။

ထို့ပြင် သြစတြေးလျနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဆန်းသစ် တီထွင်မှု၊ စွမ်းအင် စသည့် နယ်ပယ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန်နှင့် ပြည်သူအချင်းချင်း ဆက်စပ်မှုများ နီးကပ်စွာ တည်ဆောက်ရန် မျှော်လင့်ထားကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.