Connect with us

Australia / Oceania

ကမ္ဘာ့ပထမဆုံး ဂစ်ဂါဖိုက် LTE မိုလ်ဘိုင်းဖုန်းကွန်ရက်ကို သြစတြေးလျ လွှတ်တင်

သြစတြေးလျနိုင်ငံ၌ ပထမဆုံးအသုံးပြုမည့် ဂစ်ဂါဖိုက် LTE ကွန်ရက်စနစ်ကို ရှင်းလင်းပြောကြားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ၏ ဧရာမဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သော Telstra က မိုလ်ဘိုင်းဖုန်း အင်တာနက်အသုံးပြုသူများအတွက် ကမ္ဘာ့ပထမဆုံး ဂစ်ဂါဖိုက် LTE ကွန်ရက်စနစ်ကို ဖေဖော်ဝါရီလ ၁ ရက်တွင် စတင်လွှတ်တင်လိုက်ကြောင်း သိရသည်။

အဆိုပါ ဂစ်ဂါဖိုက် ကွန်ရက်ဆက်သွယ်ရေးစနစ်ကို ကွန်ပြူတာတစ်လုံးအသုံးပြု၍ သရုပ်ပြခဲ့ရာ တစ်စက္ကန့်လျင် ၈၈၆ Mb ( မစ်ဂါဖိုက်) မြန်နှုန်းဖြင့် ဒေါင်းလုပ်ချနိုင်ခဲ့ကြောင်း ၊ ၎င်းမြန်နှုန်းသည် ကမ္ဘာ့နိုင်ငံများ၌ အသုံးပြုနေသော အင်တာနက်ကေဘယ်ကြိုးကွန်ရက်စနစ် ( fiber optic network) ထက် ဆယ်ဆ ပိုမိုလျင်မြန်ကြောင်း သိရသည်။

အင်တာနက်အခြေခံအဆောက်အအုံ တည်ဆောက်ပေးနေသည့် Ericsson ကုမ္ပဏီနှင့် မိတ်ဖက်ပြု၍ ကွန်ပြူတာချစ်ဒ် ထုတ်လုပ်သူ Qualcomm ၊ ကွန်ရက်ချိတ်ဆက်ပေးသည့် Netgerar နှင့် Telstra တို့သည် ဂစ်ဂါဖိုက် ကွန်ရက် နည်းပညာကို ပထမဆုံး တပ်ဆင်အသုံးပြုခြင်းဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၁ နိုင်ငံရှိ ကုမ္ပဏီပေါင်း ၁၅ ခုကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လက်ကိုင်စမတ်ဖုန်းများ၏ အင်တာနက်အသုံးပြုမှုနှုန်းသည် တစ်လလျှင် ၁.၉ Gb ဂစ်ဂါဖိုက်ရှိနေရာ လာမည့် ၂ဝ၂၂ ခုနှစ်တွင် ၁၁ ဂစ်ဂါဖိုက်အထိ ရောက်ရှိမည်ဟု မျှော်လင့်ထားသည်။

“ ၂ဝ၁၁ ခုနှစ်မှ စတင်လို့စမတ်ဖုန်းအသုံးပြုပြီး ဗီဒီယိုကြည့်သူဟာ နှစ်ဆကျော် မြင့်တက်လာခဲ့ပြီး လာမယ့် ၂ဝ၂၂ ခုနှစ်မှာတော့ မိုလ်ဘိုင်းဖုန်းရဲ့ ၇၅ ရာခိုင်နှုန်းဟာ ဗီဒီယိုဖိုင်တွေနဲ့ပဲ ပြည့်နှက်နေပါတော့မယ် ” ဟု Ericsson ANZ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Emilio Romeo က ဇန်နဝါရီလ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၃ ရက် သြစတြေးလျ စံတော်ချိန် ၃နာရီ ၅၆ မိနစ် တွင် Telstra ၏ ရှယ်ယာဈေး လက်ရှိပေါက်ဈေးသည် ၅.၀၆ သြစတြေးလျဒေါ်လာ ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.