Connect with us

Australia / Oceania

ဆစ်ဒနီမြို့၌ မီးအကြီးအကျယ်လောင်ကျွမ်းနေ ၊ မီးသတ်သမား ၁ဝဝ ကကျော်ဖြင့် ငြှိမ်းသတ်နေရ


ဆစ်ဒနီ ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ စွန့်ပစ်ပစ္စည်း ပြန်လည်သန့်စင်အသုံးပြုသည့် စက်ရုံတစ်ခုတွင် ယနေ့( ဖေဖော်ဝါရီ ၂၃ ရက် ) တွင် မီးလောင်ကျွမ်းမှု အကြီးအကျယ်ဖြစ်ပွားလျက်ရှိရာ မီးသတ်သမားပေါင်း ၁ဝဝ ကျော်ဖြင့် မီးငြှိမ်းသတ်နေရကြောင်း သိရသည်။

အဆိုပါ စွန့်ပစ်ပစ္စည်း ပြန်လည်သန့်စင်သည့် စက်ရုံ မီးလောင်ကျွမ်းရာမှ ထွက်ပေါ်လာသော မီးခိုးလုံးကြီးများကို မြို့တွင်း နေရာ အနှံ့အပြားမှ မြင်တွေ့နေရကြောင်း ၊ မီးသတ်သမားများက အခင်းဖြစ်နေရာ အနီး ပတ်ပတ်လည်လည်ကို လုံခြုံရေးကြိုး တား၍ ဒေသခံများ နှင့် စက်ရုံများမှ အနီးအနားအလုပ်သမားများကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးနေကြောင်း သိရသည်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ မီးလောင်ကျွမ်းမှုဖြစ်ပွားနေစဉ် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ မီးလောင်ကျွမ်းမှုဖြစ်ပွားနေစဉ် (ဆင်ဟွာ)

အခင်းဖြစ်နေရာရှိ လူအားလုံးကို ရှင်းလင်းဖယ်ရှားထားပြီ ဖြစ်သော်လည်း လုံခြုံ စိတ်ချရမှု အန္တရာယ် များကြောင့် အဆောက်အအုံထဲသို့ဝင်၍ မီးငြှိမ်းသတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။(Xinhua)