Connect with us

Australia / Oceania

မဲလ်ဘုန်း လေဆိပ်တွင် လေယာဉ်ပျက်ကျ၊ လူ ၅ ဦး သေဆုံး


ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ Essendon လေဆိပ်အနီးရှိ ဈေးဝယ်စင်တာ တစ်ခုအတွင်းသို့ လေယာဉ်ငယ် တစ်စီး ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၉း၀၀ နာရီခန့်က ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါလာသော လူ ၅ ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။

“လေယာဉ် ပျက်ကျမှုမှာ အသက်ရှင်တဲ့သူ တစ်ယောက်မှ မရှိနိုင်ဘူး” ဟု ဗစ်တိုးရီးယားပြည်နယ် ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

လေယာဉ် ပျက်ကျပြီး မီးလောင်နေသည့် အဆောက်အအုံအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ လေယာဉ်သည် Beechcraft စင်းလုံးငှား လေယာဉ် ဖြစ်ပြီး သြစတြေးလျနိုင်ငံ တောင်ဘက် ကမ်းရိုးတန်း King Island သို့ ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်။

ယခုလို ပျက်ကျခြင်းသည် နှစ်ပေါင်း သုံးဆယ်အတွင်း အဆိုးဆုံး လေကြောင်း မတော်တဆမှု ဖြစ်ကြောင်း ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် ဒယ်နီယယ် အန်ဒရူးက ပြောသည်။

လေယာဉ် ပျက်ကျပြီး မီးလောင်ကျွမ်းမှုကြောင့် မြေပြင်ပေါ်တွင် အခြား အဆောက်အအုံ ပျက်စီးမှု မရှိသော်လည်း ဈေးဝယ်စင်တာမှာမူ နေရာများစွာ ပျက်စီးခဲ့ကြောင်း ဗစ်တိုးရီးယား ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

လေယာဉ် ပျက်ကျမှု အကြောင်းရင်းအား စုံစမ်းနေစဉ်အတွင်း Essendon လေဆိပ် ပြေးလမ်းများအား ပိတ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.