မော်စကို ၊ မတ် ၃ဝ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က တိုင်းပြည်၏ စစ်အင်အားကို ၁.၉ သန်းအထိ ရောက်ရှိစေရန် လာမည့် ဇူလိုင်လမှ စတင်ကာ တပ်သားသစ် ၁၈ဝဝဝ ထပ်မံဖြည့်တင်းသွားရန် အမိန့်ပေးထားကြောင်း မတ်လ ၂၉ ရက်က ထုတ်လွှင့်ခဲ့သော ရုရှားအစိုးရတရားဝင် အင်တာနက်စာမျက်နှာတွင်...
မော်စကို ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက နိုင်ငံ၏ အရှေ့တောင်ပိုင်း နှင့် အရှေ့ဖက် စွန်းစွန်းရှိ ဒေသများတွင် လာမည့် ၃ နှစ်အတွင်း စစ်ဖက်သုံး လေဆိပ် ၅ ခုကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံလေကြောင်းတပ်ဖွဲ့တပ်မှူး Viktor Bondarev က ဖေဖော်ဝါရီလ...
ဘကု ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အဇာဘိုင်ဂျန်နိုင်ငံသမ္မတ Ilharm Aliyev က ဇနီးဖြစ်သူကို နိုင်ငံ၏ ဒုတိယသမ္မတ(၁) အဖြစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ရာထူး ခန့်အပ်တာဝန်ပေးကြောင်း အဇာဘိုင်ဂျန်သမ္မတရုံး အင်တာနက်စာမျက်နှာပေါ်ကတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
မော်စကို ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက် ( Dmitry Medvedev ) သည် ရှေ့လာမည့် ၅ နှစ်တာသက်တမ်း အတွက် ရုရှားအာဏာရပါတီ၏ ဥက္ကဋ္ဌအဖြစ် ဇန်နဝါရီလ ၂၂ ရက်တွင် ပြန်လည်အရွေးခံရကြောင်းသိရသည်။
မော်စကို ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့အနီး၌ ခေတ်မီ၍ နည်းပညာနက်နဲသော S-400 ဒုံးကျည်စနစ်များကို ရုရှားနိုင်ငံ လေတပ်တပ်ဖွဲ့၏ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း တစ်ခုက တပ်ဆင်ပြီး လုပ်ငန်းတာဝန်များကို စတင်ထမ်းဆောင်နေပြီဖြစ်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အန်ကာရာ ၊ ဇန်နဝါရီ ၄ (ဆင်ဟွာ) လူပေါင်း ၃၉ ဦးထိ သေဆုံးခဲ့ရသော တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ နိုက်ကလပ်တစ်ခုအား ဝင်ရောက်ပစ်ခတ်ခဲ့သည့် အကြမ်းဖက်တရားခံမှာ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိရပြီဖြစ်ကြောင်း တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ဇန်နဝါရီလ ၄ ရက်တွင် ပြောကြားလိုက်သည်။
အန်ကာရာ၊ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ လွှတ်တော်က နိုင်ငံ၏ အရေးပေါ်အခြေအနေကို သုံးလ ထပ်မံသက်တမ်းတိုးရန် ဇန်နဝါရီလ ၃ ရက်က အတည်ပြုပေးခဲ့ကြောင်း Dogan သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
အစ္စတန်ဘူလ် ၊ ဇန်နဝါရီ ၁ရက် (ဆင်ဟွာ)တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ နာမည်ကျော်နိုက်ကလပ်တစ်ခုတွင် ၂ဝ၁၇ခုနှစ် ဇန်နဝါရီလ ၁ ရက် နံနက်အစောပိုင်းက အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူပေါင်း ၃၅ ဦးသေဆုံးပြီး အခြား ၄ဝ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း အစ္စတန်ဘူလ်မြို့တော်ဝန် Vasip Sahin က ပြောသည်။
မော်စကို ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရှရှားနိုင်ငံ မော်စကိုခရိုင်ရှိ စစ်တရားရုံးက အိုင်အက်စ်(IS) အကြမ်းဖက်အဖွဲ့နှင့်ဆက်သွယ်သော ရုရှားကျောင်းသူတစ်ဦးကို ဒီဇင်ဘာလ ၂၂ ရက်က ထောင်ဒဏ် ၄ နှစ်ခွဲ ချမှတ်လိုက်ကြောင်း သိရသည်။
မော်စကို၊ဒီဇင်ဘာ ၂ဝ ရက်(ဆင်ဟွာ) တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Andery Karlov သည် ဒီဇင်ဘာလ ၁၉ ရက် က တူရကီနိုင်ငံ၌ သေနတ်သမားတစ်ဦး၏ ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခံရကြောင်း နှင့် သံအမတ်ကြီးအသက်ရှင်ရေးအတွက်လိုအပ်သော ဆေးဝါးကုသမှုကို ပြုလုပ်ပေးရန် ရုရှားနိုင်ငံက တူရကီနိုင်ငံကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။