Connect with us

Eastern Europe

အနောက်နိုင်ငံများ ရုရှားသံတမန်အမှုထမ်းများအား နှင်ထုတ်သည့်အပေါ် ရုရှားက ကန့်ကွက်

အမေရိကန် ၀ါရှင်တန်ရှိ ရုရှားသံရုံးအား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို ၊ မတ်လ ၂၇ ရက်(ဆင်ဟွာ)

အနောက်နိုင်ငံများက ရုရှားသံတမန်များကို နှင်ထုတ်သည့်အပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း၊ ဤသို့ လုပ်ဆောင်ခြင်းမှာ ယခင်ရုရှားစပိုင်အဆိပ်မိသေဆုံးသောအမှုကို ဖော်ထုတ်ရာတွင် အထောက်အကူမပြုနိုင် သည့် အပြင် နိုင်ငံချင်းဆွေးနွေးညှိနှိုင်းမှုနှင့်နိုင်ငံတကာစည်းမျဉ်းဥပဒေများကို ထိခိုက်ရာရောက်သည်ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၆ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယခင်ရုရှားစပိုင်အား အင်္ဂလန်တွင် တိတ်တဆိတ်သတ်ဖြတ်သည့်ကိစ္စကို တုံ့ပြန်သောအနေဖြင့် EUအဖွဲ့ဝင် နိုင်ငံ ၁၄ နိုင်ငံက ရုရှားသံတမန်များကို နှင်ထုတ်မည်ဖြစ်ကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ Donald Franciszek Tusk က ထိုနေ့တွင် အတည်ပြုပြောကြားခဲ့သည်။ တချိန်တည်းတွင်ပင် အမေရိကန်က ရုရှားသံတမန် ၆၀ ခန့် ကို နှင်ထုတ်မည်ဖြစ်ကြောင်းနှင့် ဆီယက်တဲလ်ရှိ ရုရှားကောင်စစ်ဝန်ရုံးကိုလည်း ပိတ်ပစ်မည်ဟု ကြေညာခဲ့ သလို ကနေဒါကလည်း ရုရှား သံတမန် ၄ ဦးအား နှင်ထုတ်မည်ဟု ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.