Connect with us

Eastern Europe

ရုရှားသမ္မတပူတင်က ပြုံချန်းအိုလံပစ်ပြိုင်ပွဲ၌ ဆုတံဆိပ်ဆွတ်ခူးရရှိခဲ့ကြသည့် ရုရှားအားကစားသမားများအား ဂုဏ်ပြု

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်နှင့် စကိတ်ချန်ပီယံ Alina Zagitova တို့ အမှတ်တရဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

မော်စကို ၊ မတ် ၁ ရက်(ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် ပြုံချန်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၌ ဆုတံဆိပ်ရရှိခဲ့ကြသော ရုရှားအားကစားသမားများကို ဖေဖော်ဝါရီ ၂၉ ရက်တွင် နိုင်ငံ့ဂုဏ်ရည်စွမ်းဆောင်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ရုရှားနိုင်ငံ ကရင်မလင်နန်းတော်၌ ကျင်းပခဲ့ရာ အောင်ပွဲရ ရုရှား အားကစားသမား ၄၆ ဦးက ရေခဲပြင် နှင့် နှင်းလျှောစီးအကအလှမျာဖြင့် တင်ဆက်ခဲ့ပြီး ၊ သမ္မတဗလာတီမာပူတင်က ၎င်းတို့အား “ For Merit to the Fatherland” နိုင်ငံ့စွမ်းဆောင်ရည် ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

“ သင်တို့ဟာ အားကစားနဲ့ပြင်ပဖိအားတွေ ၊ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေအတွက် သင်တို့ရဲ့ အားကစား စိတ်ဓာတ်ကို တစ်ဦးချင်းရော အသင်းလိုက်ရော နှစ်ခုစလုံးမှာပါ အကောင်းဆုံးစွမ်းဆောင် ပြသခဲ့ကြတယ်” ဟု ကရင်မလင်နန်းတော်၌ ပြုလုပ်သည့် ဂုဏ်ပြုပွဲတွင် သမ္မတပူတင်က ပြောကြားခဲ့သည်။

နိုင်ငံတကာအိုလံပစ်ကော်မတီက တားမြစ်ဆေးသုံးစွဲမှု အရှုပ်အထွေး အကြောင်းပြချက်ဖြင့် ရုရှားအားကစားအဖွဲ့အား ပြုံချန်းအိုလံပစ်ပြိုင်ပွဲဝင်ရောက်ခွင့်ကို ပိတ်ပင်တားဆီးခဲ့သည်။ သို့သော် “ ရုရှားနိုင်ငံမှ အိုလံပစ်အားကစားသမားများ” ခေါင်းစဉ်ဖြင့် ဆေးစစ်မှု အောင်မြင်သူများကို ပါဝင်ကစားခွင့်ပြုခဲ့သည်။

ရုရှားနိုင်ငံအားကစားအဖွဲ့သည် ပြုံချန်းအိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခု ၊ ငွေ တံဆိပ် ၆ ခုနှင့် ကြေးတံဆိပ် ၉ ခု အသီးသီး ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.