Connect with us

Eastern Europe

ရုရှားဝန်ကြီးချုပ် မက်ဗီဒက်က ရုရှားအားကစားသမားများအပေါ် IOC ၏ ဆုံးဖြတ်ချက်မှာ ရှက်ဖွယ်ဖြစ်ကြောင်း ပြောကြား

ရုရှားနိုင်ငံ အားကစားသမားများအားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်က ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှ ရုရှားအားကစားသမား ၁၅ ဦးအား ပါဝင်ကစားခွင့်ပိတ်ပင်ခဲ့သည့် နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC) ၏ လုပ်ရပ်မှာ ရှက်ဖွယ်ဖြစ်ကြောင်း ၊ တရားမျှတမှုမရှိကြောင်း နှင့် ဥပဒေအရ တရားမဝင်ကြောင်း ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ IOC ကော်မတီဟာ ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ” ဟု မက်ဗီဒက်က ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားခဲ့ပြီး “ အဲဒီဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိသလို ၊ ဥပဒေကြောင်းအရလည်း တရားမဝင်ပါဘူး။ ဒါဟာ သိက္ခာကင်းမဲ့သလို နိုင်ငံရေးလုပ်ကွက်တွေပါ” ဟု ဖြည့်စွက်ရေးသားထားသည်။

ပြီးခဲ့သော ကာလတွင် တားမြစ်ဆေးသုံးစွဲမှုဖြင့် အားကစားပြိုင်ပွဲပါဝင်ခွင့် တစ်သက်စာ ပွဲပယ်ခံထားရသော ရုရှားနိုင်ငံသား အားကစားသမား ၁၅ ဦးကို အားကစားဆိုင်ရာအနုညာတခုံရုံး(CAS) က ဖေဖော်ဝါရီ ၁ ရက်တွင် ပြစ်ဒဏ်ပယ်ဖျက်ပေးခဲ့သော်လည်း ပြုံချမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲသို့ဖိတ်ကြားခြင်း မပြုရန် IOC အိုလံပစ်ဖိတ်ကြားရေးအဖွဲ့က ဖေဖော်ဝါရီ ၅ ရက်တွင် ဆုံးဖြတ်ခဲ့ကြသည်။

“ အားကစားနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကို ဖြေရှင်းပေးနေတဲ့ CAS ခုံရုံး မှာ အယူခံအောင်ခဲ့သူတွေကို ပြုံချမ်း အားကစားပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့် ငြင်းပယ်ခံလိုက်ရတယ်။ IOC ကော်မတီဟာ အိုလံပစ်ပြိုင်ပွဲရဲ့ စရိုက်လက္ခဏာ နဲ့အခြေခံဥပဒေစည်းမျဉ်းစည်းကမ်းတွေကို ရိုက်ချိုးလိုက်တာပဲ” ဟု မက်ဗီဒက်က ဆိုသည်။

IOC က CAS လုပ်ထုံးလုပ်နည်းထဲတွင် ရှာဖွေမှုပုံစံသက်သေခံချက်အသစ်များအား စစ်ဆေးခဲ့ခြင်းမရှိတာကို အများမြင်သာအောင်ချပြခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

မက်ဗီဒက်က “ အဲဒီဆုံးဖြတ်ချက် ရည်ရွယ်ချက်ဟာ အားကစားအနှစ်သာရရဲ့ အဝေးဆုံးကို ရောက်သွားပါတယ်” ဟုပြောကြားခဲ့ပြီး ယင်းကိစ္စ၏ ရည်မှန်းချက်မှာ “ ရုရှားနိုင်ငံအား နိုင်ငံရေးအရ ထိခိုက်အောင်” လုပ်ဆောင်ခြင်းပါပဲဟူ၍ ဆိုထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.