Connect with us

Eastern Europe

ရုရှားလုံခြုံရေးတပ်ဖွဲ့ဝင်များက မြောက်ကော့ကေးဆပ်စ်၌ အကြမ်းဖက်သံသယရှိသူ နှစ်ဦးကို သုတ်သင်

ရုရှားနိုင်ငံလုံခြုံရေးတပ်ဖွဲ့ ဝင်များက အကြမ်းဖက်စစ်ဆင်ရေး ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

မော်စကို ၊ မေ ၅ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ပြည်ထောင်စုလုံခြုံရေးတပ်ဖွဲ့(FSB) က မြောက်ကော့ကေးဆပ်စ်ဒေသမြို့တော် Neyinnomyssk မြို့ ၌ မေလ ၄ ရက်တွင် ပြုလုပ်သော စစ်ဆင်ရေးတစ်ခုအတွင်း အကြမ်းဖက်သမားအဖြစ် သံသယရှိသူ နှစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရုရှားလုံခြုံရေးအေဂျင်စီက ဆိုသည်။

“ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဖို့စီစဉ်နေတဲ့ အစွန်းရောက်ဘာသာရေးခေါင်းဆောင် နှစ်ယောက်ကို သုတ်သင်ခဲ့ပါတယ်” ဟု FSB ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အခင်းဖြစ်နေရာ၌ ဖောက်ခွဲရေးပစ္စည်းများ ၊ လက်နက်များ ၊ ကျည်ဆံများ နှင့် လက်ပစ်ဗုံးများကို သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သီးခြားထုတ်ပြန်ချက်တစ်စောင်တွင် အိုင်အက်စ်အကြမ်းဖက်သမား ၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း FSB က ဆိုသည်။

မော်စကိုမြို့အရှေ့မြောက် ၂၅ဝ ကီလိုမီတာအကွာ၌ တည်ရှိသော Yaroslavl မြို့၌ ပြုလုပ်သော စစ်ဆင်ရေးတစ်ခုအတွင်း ဖောက်ခွဲရေးပစ္စည်များ ၊ ဗုံးများ ၊ လက်နက်များ နှင့် ကျည်ဆံများကို သိမ်းဆည်းရမိခဲ့ကြောင်း FSB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.