ဆစ်ဒနီ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ဂီတဖျော်ဖြေပွဲတစ်ခုတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲထားသည်ဟု သံသယရှိသူတစ်ဦး သေဆုံးမှုဖြစ်ပွားပြီးနောက် လေးလအတွင်း သေဆုံးသူ ၅ ဦအထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
အော့တဝါ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) မိသားစုအတွင်း အကြမ်းဖက်ခံရသည့် ဘေးအန္တရာယ်မှ ထွက်ပြေးလာသော ဆော်ဒီအာရေဗျ အမျိုးသမီးသည် နိုင်ငံရေးခိုလှုံခွင့်ရရှိကာ ဇန်နဝါရီလ ၁၂ ရက် နံနက်ပိုင်းက ကနေဒါနိုင်ငံ တိုရန်တိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
ပါရီ ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ ပါရီမြို့၌ ဇန်နဝါရီ ၁၂ ရက် အစောပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး Christophe Castanerက ယင်းနေ့တွင်ပင် လူမှုမီဒီယာကတစ်ဆင့် ပြောကြားခဲ့သည်။
ပါရီ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ ပါရီမြို့အလယ်ပိုင်းတွင် ဇန်နဝါရီ ၁၂ ရက် အစောပိုင်းက ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းများ၌ဖော်ပြခဲ့သည်။
ပဲရစ် ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ပြင်သစ် နိုင်ငံ Jura ပြည်နယ် ရဲတပ်ဖွဲ့ က ဇန်နဝါရီ ၉ ရက် ၌ ပြင်သစ် နိုင်ငံ လေတပ် ၏ Mirage 2000 အမျိုးအစား တိုက်လေယာဉ် တစ်စင်း နိုင်ငံ...
လန်ဒန်၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) Brexit သဘောတူညီချက် မဲခွဲဆုံးဖြတ်မှုကို ဇန်နဝါရီ ၁၅ ရက်တွင် အောက်လွှတ်တော်၌ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် အိမ်တော်က ဇန်နဝါရီ ၈ ရက်တွင် အတည်ပြု ပြောကြားခဲ့ သည်။
ကိဗ်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ တွင် နှင်းမုန်တိုင်းတစ်ခုကြောင့် မော်တော်ယာဉ်များအတွင်း ပိတ်မိနေသည့် လူ ၆၀၀ ကျော်ကို လွန်ခဲ့သည့် ၂၄နာရီ အတွင်း ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း နိုင်ငံတော် အရေးပေါ်အခြေအနေများ ဌာန က ဇန်နဝါရီ ၈ရက်တွင်ပြောကြားခဲ့သည်။
အန်ကာရာ ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) တူရကီ နိုင်ငံ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ အီဗရာဟင် ကာလင် (Ibrahim Kalin) က အမေရိကန် နိုင်ငံ မှ ဆီးရီးယား နိုင်ငံ ရှိ တပ်ဖွဲ့ဝင် များအား ပြန်လည် ရုပ်သိမ်းချိန်တွင် ယခင်...
အေသင်၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ဂရိနိုင်ငံတွင် အအေးလှိုင်းဖြတ်သန်းမှုကြောင့် ရာသီဥတုအခြေအနေဆိုးဝါးလျက်ရှိရာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း မီးသတ် ဦးစီးဌာနက ဇန်နဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။
ပါရီ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ဇန်နဝါရီ ၅ ရက်က ပြင်သစ်အစိုးရကို ဦးတည်သည့် အကြမ်းဖက်လှုပ်ရှားမှုဖြစ်သောအဝါရောင် ရောင်ပြန်အကျီ ၤဝတ်ဆန္ဒပြလှုပ်ရှားမှု(Yellow vest)ကို ပြစ်တင်ရှုံ့ချကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ယင်းနေ့ တွင် ၎င်း၏ တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။