Connect with us

Europe

ရုရှားနိုင်ငံ၌ နွေရာသီနှောင်းပိုင်းတွင် လူအများကြား ကိုယ်ခံအားစနစ် ရရှိနိုင်ကြောင်း သမ္မတပူတင် ပြောကြား

ရုရှားနိုင်ငံ မော်စကိုမြို့၌ နှာခေါင်းစည်းတပ်ဆင် သွားလာသူများအား မတ် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မတ် ၂၉ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ၌ နွေရာသီကာလ နှောင်းပိုင်းတွင် COVID-19 တိုက်ဖျက်ရေးအတွက် လူအများကြား ကိုယ်ခံအားစနစ် ရရှိနိုင်ကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က မတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

အကယ်၍ အစုလိုက် ကာကွယ်ဆေးထိုးနှံမှု လက်ရှိ အရှိန်အဟုန်အတိုင်း ဆက်လက်ပြုလုပ်ပါက နွေရာသီကာလ ပြီးဆုံးချိန်တွင် နိုင်ငံတွင်း အရွယ်ရောက်သူ ၇၀ ရာခိုင်နှုန်းခန့်သည် ကာကွယ်ဆေးထိုးနှံပြီးစီးနိုင်မည် ဖြစ်ကြောင်း ၊ ထို့ကြောင့် လူအများကြား ကိုယ်ခံအားစနစ်သည် သတ်မှတ်ထားသည့် အဆင့်သို့ ရောက်ရှိလာမည် ဖြစ်ကြောင်း သမ္မတ ပူတင်က ဒေသတွင်း ရုပ်သံအစီအစဉ်တစ်ခုတွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၌ ယခုရက်သတ္တပတ်အစောပိုင်းထိ ပြည်သူ ၆ ဒသမ ၃ သန်းမှာ ပြည်တွင်းထုတ် ကာကွယ်ဆေးအား ပထမအကြိမ် ထိုးနှံခဲ့ပြီးဖြစ်ရာ ပြီးခဲ့သောနှစ် ဒီဇင်ဘာလအစောပိုင်းတွင် အစုလိုက် ကာကွယ်ဆေးထိုးနှံမှု စတင်ချိန်မှစ၍ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူပေါင်း ၄ ဒသမ ၃ သန်း ရှိကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်သည် မတ် ၂၃ ရက်တွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့သော်လည်း သမ္မတနန်းတော်(ကရင်မလင်နန်းတော်)အနေဖြင့် ကာကွယ်ဆေးထိုးနှံသည့် မည်သည့် ဓာတ်ပုံ ၊ ရုပ်သံဖိုင်ကိုမျှ ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။

သမ္မတ ပူတင်က ပြည်တွင်းထုတ် ကာကွယ်ဆေး သုံးမျိုးဖြစ်သည့် Sputnik V ၊ EpiVacCorona နှင့် CoviVac တို့သည် အစွမ်းထက်ကြောင်း ၊ယုံကြည်စိတ်ချရပြီး ဘေးကင်းကြောင်း နှင့် ကာကွယ်ဆေးထိုးနှံပြီးနောက် မည်ကဲ့သို့သော ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုး မခံစားရကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————————————
(English Version)
Putin says Russia could achieve herd immunity by late summer

MOSCOW, March 28 (Xinhua) — Russian President Vladimir Putin said Sunday that the country could obtain herd immunity against COVID-19 by the end of summer.
If mass vaccination continues at the current pace, about 70 percent of adults in Russia will get the jab by the end of summer, thus reaching the threshold of herd immunity, Putin told a local TV program.

He said earlier this week that 6.3 million people in Russia had received the first dose of a domestic vaccine and 4.3 million had received two shots since the start of mass vaccination in early December.

Putin received his first dose of a domestic vaccine on Tuesday, and the Kremlin has not published any photo or footage of the inoculation.
He said all three domestic vaccines, namely Sputnik V, EpiVacCorona and CoviVac, are “effective, reliable and safe” and did not feel any serious side effects after the shot. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.