စတော့ဟုမ်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) ဆွီဒင်နိုင်ငံ မြို့တော် စတော့ဟုမ်းမြို့အလယ်ပိုင်း လမ်းမတစ်ခုတွင် ဧပြီ ၇ ရက် က ထရပ်ကားတစ်စီးသည် လမ်းမပေါ်ရှိ လူများကို ဝင်တိုက်ခဲ့ပြီးနောက် စတိုးဆိုင်တစ်ဆိုင်အား ထပ်မံဝင်တိုက်ခဲ့ကြောင်း၊ ယင်းသို့ ဝင်တိုက်မှုကြောင့် လူတစ်ဦးမှာ ဆေးရုံ၌သေဆုံးခဲ့ပြီး သေဆုံးသူ ၄ဦးရှိလာကြောင်း နှင့်...
ဘာလင်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ တွင် ဧပြီ ၅ ရက် က အပေါ့စားလေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ လူနှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်း သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ဟဲလ်ဆင်ကီး၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ဖင်လန်နိုင်ငံသို့ ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖင်လန်နိုင်ငံ သမ္မတ Sauli Niinisto နှင့်အတူ နှစ်နိုင်ငံ စကိတ် အားကစားသမား ကိုယ်စားလှယ်များနှင့် ဧပြီလ ၅ ရက် ညနေပိုင်းတွင် တွေ့ဆုံခဲ့ပြီး ဆောင်းရာသီ အားကစားများတွင်...
ဟဲလ်ဆင်ကီး ၊ ဧပြီ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဖင်လန်နိုင်ငံဝန်ကြီးချုပ် Juha Sipila တို့သည် ဧပြီလ ၅ ရက်က တွေ့ဆုံပြီး နှစ်နိုင်ငံအကြား အဓိကကျသော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားရန် ကတိပြုခဲ့ကြကြောင်း သိရသည်။
မော်စကို၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေး ကော်မတီ (RIC) က စိန့်ပီတာစဘာ့ခ် မြေအောက်ရထားလမ်း တွင် ဧပြီလ ၃ရက်က ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ကွဲမှုအား အသက် ၂၂ နှစ်အရွယ် Akbarzhon Dzhalilov က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဧပြီ...
ဟဲလ်ဆန်ကီး ၊ ဧပြီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ရေးကိုတိုးချဲ့ရန် နှင့် နှစ်ဖက်နိုင်ငံရေးအရ ယုံကြည်မှုကို တိုးမြှင့်ရန်အတွက် နှစ်နိုင်ငံချစ်ကြည်ရေး တရားဝင်အလည်အပတ်ခရီးစဉ်တစ်ခုအဖြစ် ဖင်လန်နိုင်ငံသို့ဧပြီလ ၄ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
ပါရီ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Grand Palais ပြတိုက်မှ ယူရို ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၁၃,၂၀၀) တန်ဖိုးရှိသည့် ရတနာပစ္စည်းအား ဧပြီ ၂ရက်နေ့ ညနေပိုင်းတွင် အမျိုးသားနှစ်ဦးက ခိုးယူသွားခဲ့ကြောင်း ပြည်တွင်းသတင်းချန်နယ်တစ်ခု က ဧပြီ ၃ ရက်တွင်ဖော်ပြခဲ့သည်။
ပါရီ ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ခ်မြို့ရှိ မြေအောက်ရထားလမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဧပြီလ ၃ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ လုံခြုံရေးတိုးမြှင့်ထားကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးက ဆိုသည်။
မော်စကို၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ခ်မြို့ရှိ မြေအောက်ရထား ဘူတာရုံ နှစ်ခုတွင် ယနေ့ (ဧပြီလ ၃ ရက်) တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှား...
ဒပ်ဘလင်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အိုင်ယာလန်နိုင်ငံ Rosslare ဆိပ်ကမ်းတွင် ဧပြီ ၂ ရက် နေ့လည်ပိုင်း က ပြင်သစ်နိုင်ငံမှ ဆိုက်ရောက်လာသည့် အိုင်ယာလန် ဖယ်ရီသင်္ဘောတစ်စီးပေါ်တွင် ပါရှိလာသော အအေးခန်းကုန်သေတ္တာတင်ကားတစ်စီးအတွင်း၌ ပုန်းခိုလိုက်လာပါလာသော နိုင်ငံခြားသား ၁၄ဦးအား တွေ့ရှိခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးအရာရှိများက ပြောကြားခဲ့သည်။