Connect with us

Europe

ရုရှား နိုင်ငံ က အမေရိကန် နိုင်ငံ သံတမန် ဆိုင်ရာ ဝန်ထမ်းပေါင်း ၆၀ ကို ပြန်လည် ထွက်ခွာ စေမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ

အမေရိကန် နိုင်ငံ နိုင်ငံတော် အလံ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မော်စကို ၊ မတ်လ ၃၀ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က မတ်လ ၂၉ ရက်နေ့၌ ရုရှား နိုင်ငံ ဆိုင်ရာ အမေရိကန် နိုင်ငံ သံအမတ်ကြီး Jon Meade Huntsman အား ခေါ်ယူတွေ့ဆုံခဲ့ပြီး ရုရှား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ၏ သံတမန် ဆိုင်ရာ ဝန်ထမ်းပေါင်း ၆၀ ကို ပြန်လည်ထွက်ခွာစေရန် နှင့် Saint Petersburg ရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံး ကို ပိတ်သိမ်းရန် ပြောကြားခဲ့သည်။

ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ မတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ကြေညာချက်တွင် ရုရှား နိုင်ငံ အနေဖြင့် နိုင်ငံခြားရေး တန်းတူညီမျှရေး မူဝါဒ အရ အမေရိကန် နိုင်ငံ ၏ သံတမန် ပေါင်း ၆၀ ကို မကြိုဆိုသည့် အမည်စာရင်း သို့ ထည့်သွင်းခဲ့ပြီး ဧပြီလ ၅ ရက်နေ့ မတိုင်မီ ရုရှား နိုင်ငံ မှ ထွက်ခွာပေးရမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ကြေညာချက်တွင် ရုရှား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ၏ Saint Petersburg တွင် ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်ခွင့် ကို ပြန်လည် ရုပ်သိမ်း ပြီး ဝန်ထမ်းအားလုံးအား ရုရှား နိုင်ငံ မှ ထောက်ပံ့ထားသည့် ရုံးခန်း မှ မတ်လ ၃၁ ရက်နေ့ မတိုင်မီ ထွက်ခွာစေရန် လည်း ပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံ အနေဖြင့် ရုရှား နိုင်ငံ ဆန့်ကျင်ရေး လုပ်ငန်းမှုများအား ထောက်ပံ့အားပေးမှု များကို အမြဲ လုပ်ဆောင်ခဲ့ပြီး အမေရိကန် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး အား ထိခိုက်စေသော အပြုအမူများ ဆက်လက်မဆောင်ရွက်ရန် လေးနက်စွာ စဉ်းစားသင့်ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ဆက်လက်၍ ရုရှား နိုင်ငံ ၏ အမေရိကန် နိုင်ငံ ရှိ သံတမန်များအား ရန်မူသည့် ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ပါက ရုရှား နိုင်ငံ အနေဖြင့်လည်း တုံ့ပြန်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ဖေါ်ပြထားသည်။

ရုရှား နိုင်ငံ သတင်းအချက်အလက် စုဆောင်းသူဟောင်း နှင့် ၎င်း၏ သမီး တို့မှ ဗြိတိန် နိုင်ငံ တွင် အဆိပ်သင့် သေဆုံး ခဲ့ခြင်း မှစတင်ခဲ့သည့် နိုင်ငံခြားရေး ပြဿနာကြောင့် မတ်လ ၁၄ ရက်နေ့ ၌ ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် က ရုရှား နိုင်ငံ သံတမန် ၂၃ ဦး ကို ပြန်လည် ထွက်ခွာစေခဲ့သည်။ မတ်လ ၁၇ ရက်နေ့၌ ရုရှား နိုင်ငံ က ဗြိတိန် နိုင်ငံ မှ သံတမန်ပေါင်း ၂၃ ဦး ကို ထွက်ခွာစေခြင်းဖြင့် တုံ့ပြန်မှု ဆောင်ရွက်ခဲ့သည်။ မတ်လ ၂၆ ရက်နေ့ တွင်လည်း အီးယူ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံ နှင့် အမေရိကန် ၊ ကနေဒါ နှင့် ယူကရိန်း စသည့် နိုင်ငံ များက ၎င်းတို့ နိုင်ငံ အသီးသီး ရှိ ရုရှား နိုင်ငံ မှ သံတမန်ပေါင်း ၁၀၀ ကျော်ကို ပြန်လည် ထွက်ခွာ စေခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.