Connect with us

Europe

ရုရှားဈေးဝယ်စင်တာ မီးလောင်မှု သေဆုံးသူ ၆၄ဦးအထိမြင့်တက်လာ

မီးလောင်မှုဖြစ်ပွားခဲ့သည့် ရုရှားဈေးဝယ်စင်တာအား မတ် ၂၅ရက်တွင်တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ ဆိုက်ဘေးရီးယား တောင်ပိုင်း Kemerovo မြို့ရှိ ဈေးဝယ်စင်တာ တစ်ခုတွင် မတ် ၂၅ရက်က မီးအကြီးအကျယ်လောင်ကျွမ်းမှု ၌ မတ်လ ၂၆ ရက် ညပိုင်းအထိ လူစုစုပေါင်း ၆၄ ဦး သေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံစုံစမ်းစစ်ဆေးရေး ကော်မတီ က မတ် ၂၆ရက်တွင် ပြောကြားခဲ့သည်။

မီးလောင်မှု သည် မတ် ၂၅ရက် နေ့လည်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့ပြီး မတ် ၂၆ရက် နံနက်ပိုင်းအထိ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ကော်မတီက သေဆုံးသူ ဦးရေသည် ၆၄ဦးအထိ မြင့်တက်လာခဲ့ပြီး ၎င်းတို့အနက် သေဆုံးသူ ၁၅ဦး၏ ကိုယ်ရေးအချက်အလက်များကို ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အရေးပေါ်အခြေအနေများ ဝန်ကြီးဌာန ဝန်ကြီး Vladimir Puchkov က သေဆုံးသူ အရေအတွက် ၆၄ဦးသည် နောက်ဆုံးရရှိသည့် သေဆုံးသူ စာရင်းဖြစ်မည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ပျောက်ဆုံးနေသူ စာရင်းအတိအကျကို သိရှိခြင်းမရှိသေးဘဲ ကနဦး သတင်းရရှိချက်များအရ ကလေးငယ် ၄၁ဦးအပါအဝင် လူ ၆၄ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

“ဆောင်းရာသီချယ်ရီ” အမည်ရှိ ဈေးဝယ်စင်တာ သည် များသောအားဖြင့် တနင်္ဂနွေနေ့ နေလည်ပိုင်းတွင် ဈေးဝယ်သူများဖြင့် စည်ကားလေ့ရှိကြောင်း သိရသည်။

အရေးပေါ်အခြေအနေများ ဝန်ကြီးဌာန က လူပေါင်း ၆၀၀ ကျော် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်း တွင် ပါဝင်ဆောင်ရွက်နေပြီး မီးလောင်မှုကြောင့် ပြိုကျခဲ့သည့် အဆောက်အဦ အစိတ်အပိုင်း နှင့် မီးခိုးငွေ့ များကြောင့် ကယ်ဆယ်ရေး လုပ်ငန်းကို အခက်အခဲ ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးရေးကော်မတီက မီးစတင်လောင်ကျွမ်းခဲ့သည်ဟုယူဆရသော အဆောက်အအုံ၏ အစောင့်များ နှင့် အဆိုပါ အဆောက်အအုံအား ပြင်ဆင်မှုများ ပြုလုပ်ပေးနေသည့် စီမံခန့်ခွဲရေး ကုမ္ပဏီ အကြီးအကဲ အပါအဝင် လူ ၄ဦးကို ထိန်းသိမ်းခဲ့ပြီး စစ်ဆေးမေးမြန်းနေကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် က သေဆုံးသူများ၏ မိသားစုဝင်များ နှင့် မိတ်ဆွေသူငယ်ချင်းများ ထံ မတ် ၂၅ရက်တွင် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး လိုအပ်သည့် အကူအညီများဖြည့်ဆည်းပေးနိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များအား ညွှန်ကြားခဲ့ကြောင်း ပြောကြားခဲ့သည်။

Kemerovo ဒေသ အုပ်ချုပ်ရေးမှူး Aman Tuleyev က ဒေသအတွင်း မတ် ၂၇ ရက်မှ မတ် ၂၉ရက်အထိ အောက်မေ့ဖွယ်နေ့အဖြစ် ကြေညာစာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.