Connect with us

Europe

ကနေဒါနိုင်ငံ တိုရန်တိုလေဆိပ်တွင် ကိုကင်းများအား ကော်ဖီအဖြစ် သယ်ဆောင်လာသူ ၂ဦးကို ဖမ်းဆီးထိန်းသိမ်း

ကနေဒါနိုင်ငံ တိုရန်တိုလေဆိပ်၌ လုံခြုံရေးစောင့်ကြည့်နေသည့် CBSA တပ်ဖွဲ့ဝင်တစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အော့တာဝါ၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ တိုရန်တို ပီရာဆန်လေဆိပ် တွင် ကိုကင်းများအား ကော်ဖီအဖြစ် အသွင်ပြောင်း၍ သယ်ဆောင်လာသည့် ဂျမေကာနိုင်ငံမှ လူ ၂ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ကနေဒါနိုင်ငံ နယ်စပ်ရေးရာဌာန (CBSA) က မတ် ၂၈ရက်တွင်ပြောကြားခဲ့သည်။

CBSA တာဝန်ရှိသူများက မတ်လ ၂၂ရက်တွင် ခရီးဆောင်အိတ်များအား စစ်ဆေးနေစဉ် အဆိုပါ ခရီးသည်တစ်ဦးချင်းစီသည် ကော်ဖီဟု ရေးသားထားသော အိတ် ၆လုံးစီကို သယ်ဆောင်လာကြောင်း တွေ့ရှိခဲ့သည်။

တာဝန်ရှိသူများက အဆိုပါ အိတ်များအား ဖွင့်ဖောက်ပြီးနောက် အဖြူရောင်ပေါင်ဒါမှုန့်များကို တွေ့ရှိခဲ့ပြီး စမ်းသပ်စစ်ဆေးခဲ့ရာ ကိုကင်းများ ဖြစ်သည်ကို တွေ့ရှိခဲ့သည်။ ကိုကင်းအလေးချိန် ၇ကီလိုဂရမ်ကျော် သိမ်းဆည်းရမိခဲ့ပြီး တရားခံ ၂ဦးအား တော်ဝင်ကနေဒါရဲတပ်ဖွဲ့ထံ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

၂၀၁၈ခုနှစ်အတွင်း CBSA မှ အလေးချိန် ၁၄၅ကီလိုဂရမ်ကျော် ထည့်သွင်းထားသည့် ပစ္စည်းပေါင်း ၂၅ခုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.