Connect with us

Europe

ရုရှားလုံခြုံရေးဌာနက အကြမ်းဖက်သမား ၉ ဦးကို ဖမ်းဆီး

ဗလဒီဗော့စတော့ခ် မြေပုံအား တွေ့ရစဉ် (အင်တာနက်)

ဗလဒီဗော့စတော့ခ် ၊ မတ်လ ၂၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသရှိ၊Krasnoyarskနယ်စပ်လုံခြုံရေးဌာနက အကြမ်းဖက်အဖွဲ့အစည်းပုန်းလျှိုး နေသည့် နေရာတစ်ခုအား မတ်လ ၂၇နေ့တွင် တိုက်ခိုက် ဖျက်ဆီးခဲ့ပြီး အကြမ်းသမား ၉ ဦး အား ဖမ်းဆီးခဲ့ ကြောင်း သိရှိရသည်။

ဤအထူးလှုပ်ရှားမှုကို လုံခြုံရေးဌာနနှင့်ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အကြမ်းဖက်သမားနှင့်ဆက်စပ်သော နေရာ ၁၆ ခုကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တားမြစ်ဘာသာရေးစာအုပ်များ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ၎င်းတို့၏ အသုံးပြုပုံ အညွှန်းစာအုပ်များအပြင် အကြမ်းဖက် ဦးဆောင်သူ ၃ ဦး အပါအဝင် အကြမ်းဖက်သမား ၉ ဦး အား ဖမ်းဆီး ခဲ့ကြောင်း ရုရှား Krasnoyarskနယ်စပ်လုံခြုံရေးဌာန၏ မတ်လ ၂၇ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါအကြမ်းဖက်အဖွဲ့မှာ နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းများနှင့်အဆက်အသွယ်ရှိကြောင်း၊ ဖမ်းဆီးခံ ရသူ အချို့ကလည်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ခဲ့သည်ဟု ဝန်ခံကြောင်း ၊ ယခုအခါ ၎င်းအမှုကို ပြစ်မှု ဖြင့် အမှုဖွင့်စွဲဆိုထားပြီဖြစ်ရာ ၎င်းနှင့်စပ်လျဉ်းသော စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဥပဒေ တာဝန်ရှိ ပုဂ္ဂိုလ်များက ဆိုပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.